အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၆၀၀၀ ကျော်ရှိလာ

ဇွန် ၃၀

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၂၇၆၀၃၇ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ငါးဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူဦးရေ ၄၃၂၀ ရှိသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူစုစုပေါင်း ၂၆၀၃၀၂ ဦး ရှိသည်။

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေအများဆုံးနိုင်ငံ ဖြစ်သည်။

အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို