အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၇၂၀၀၀ ကျော်ရှိ

ဇွန် ၃

 

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၆ ဦး ထပ်မံတွေ့ရှိရပြီး နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူပေါင်း ၂၇၂၀၃၆ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ခုနစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၁၇၈ ဦး ရှိသည်။ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူ ၂၄၂၄၄၂ ဦး အထိ ရှိလာသည်။

 

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၅၄၁၄ ဦးရှိနေပြီး ၎င်းတို့အနက် ၃၇၇ ဦးသည် ကျန်းမာရေး အခြေအနေဆိုးရွားလျက်ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံး ဖြစ်ပွားသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

အာဖရိကတွင် တောင်အာဖရိက၊ မော်ရိုကိုနှင့် တူနီးရှားနိုင်ငံတို့ပြီးလျှင် အီသီယိုးပီးယားနိုင်ငံသည် ကိုဗစ်ရောဂါ ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို