အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၃၀၀၀ ကျော်ရှိလာ

ဇွန် ၈

 

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူဦးရေ ၁၁၀ ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ၂၇၃၀၂၄ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၄၂၁၃ ဦး ရှိသည်ဟု ဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၄၆၈၈၃ ဦး ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး အရှေ့အာဖရိက ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအများဆုံးနိုင်ငံဖြစ်သည်။

 

အာဖရိကတွင် အီသီယိုးပီးယားနိုင်ငံသည် တောင်အာဖရိက၊ မော်ရိုကိုနှင့် တူနီးရှားနိုင်ငံတို့ပြီးလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်မားဆုံးနိုင်ငံများတွင်လည်း ပါဝင်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို