အီသီယိုးပီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၀၁၈၀ ကျော်ရှိလာ

မေ ၂၇

 

အီသီယိုပီးယားနိုင်ငံတွင် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၈ ဦး ထပ်မံ တွေ့ရှိခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူပေါင်း ၂၇၀၁၈၀ အထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ထိုဝန်ကြီးဌာန၏ပြောကြားချက်အရ ၁၅ ဦးထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၄၁၀၈ ဦး အထိရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၃၃၂၁၆ ဦးရှိသည်။

 

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၈၅၄ ဦး ရှိပြီး ၎င်းတို့အနက် ၄၅၉ ဦးသည် ကျန်းမာရေးအခြေအနေ ဆိုးရွားလျက်ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံး ဖြစ်သည်။

 

အီသီယိုးပီးယားနိုင်ငံသည် တောင်အာဖရိက၊ မော်ရိုကိုနှင့် တူနီးရှားနိုင်ငံတို့ပြီးလျှင် အာဖရိကတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအမြင့်မားဆုံးနိုင်ငံ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို