အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်အပြီး ရေနံဈေးတက်

၈ ဇန်နဝါရီ

 

အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွေကို အီရန်နိုင်ငံက လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်အပြီး ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရေနံဈေးနှုန်း ဟာ ၄.၅၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားရာ ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၆၅.၅၄ အထိ ပေးရပေမယ့် တိုကျို စတော့ဈေးကွက်မှာတော့ ရှယ်ယာဈေးနှုန်း ကျဆင်းနေကြောင်း သိရပါတယ်။

 

အရှေ့အလယ်ပိုင်းက ပဋိပက္ခဟာ ကြီးထွားလာတဲ့အတွက် ကမ္ဘာ့တစ်ဝန်းက စတော့ဈေးကွက်မှာလည်း  ဈေးနှုန်းကျမျိုးတွေကို တွေ့ရပါတယ်။ ဂျပန်စတော့ ဈေးဟာ ၁.၃ ရာခိုင်နှုန်း ကျဆင်းပြီး ဟောင်ကောင် ဈေးကွက်မှာတော့ ဝ.၈ ရာခိုင်နှုန်း ကျဆင်းကြောင်း သိရပါတယ်။

 

ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း အီရန်ဗိုလ်ချုပ်ကြီး ဆူလေမာနီ သေဆုံး ခဲ့တဲ့အတွက်  အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြားက တင်းမာမှုဟာ ကြီးထွားလာပါတယ်။

 

အမေရိကန် လေကြောင်းလိုင်းတွေကို အီရန်၊ အီရတ် နဲ့ ပင်လယ်ကွေ့ဒေသတွေအပေါ်မှာ ပျံသန်းသွားလာခြင်း မပြုရန် တားမြစ်ထားပါတယ်။

 

6

 

ဟိုမားဇ်ရေလက်ကြား

 

ဟိုမားဇ်ရေလက်ကြားဟာ အီရန်နိုင်ငံမြောက်ပိုင်းနဲ့ အိုမန်တောင်ပိုင်းနဲ့ ယူအေအီးနိုင်ငံကြား တနည်းအားဖြင့် ပင်လယ်ကွေ့နဲ့ အာရေဘီယံပင်လယ်တို့ကို ဆက်နွယ်ထားပါတယ်။ ဟိုမားဇ်ရေလက်ကြားဟာ ၉၆ မိုင် ရှည်လျားပြီး အကျဉ်းဆုံးအပိုင်းမှာ ၂၁ မိုင်သာ ကျယ်ပြန့်တဲ့အတွက် နှစ်လမ်းသွား လမ်းကြောင်းမှာ သင်္ဘောသွားရန် နှစ်မိုင်ဆီသာ ရှိနေတာကို တွေ့ရပါတယ်။ ရေလက်ကြားဟာ အရွယ်အစားအားဖြင့် သေးငယ်ပေမယ့် ကမ္ဘာ့မှာ သင်္ဘောသွားလာရေးတွင် အသုံးပြုမှု အများဆုံး လမ်းကြောင်းဖြစ်ပါတယ်။

 

ရေနံတင်ပို့ရာ ပင်လယ်ကွေ့ဒေသဖြစ်တဲ့ ဆော်ဒီအာရေးဘီးယား၊ အီရတ်၊ ယူရေအီးနဲ့ ကူဝိတ် နိုင်ငံတွေဟာ ဟိုမားဇ်ရေလက်ကြားကို အဓိကအသုံးပြုပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို တင်ပို့ကြသလို အီရန်နိုင်ငံကလည်း ဟိုမားဇ်ရေလက်ကြားကို အသုံးပြုပြီး သူ့နိုင်ငံထုတ် ရေနံကို တင်ပို့ရောင်းချပါတယ်။

 

အလားတူး ကမ္ဘာ့အကြီး liquefied natural gas (LNG) ထုတ်လုပ်ရာ ကာတာနိုင်ငံက သူရဲ့ ဓါတ်ငွေ့ရည်ကို ဟိုမားဇ်ရေလက်ကြားအသုံးပြီး ကမ္ဘာကို တင်ပို့ရောင်းချတာဖြစ်ပါတယ်။

 

 

MDN

ကိုးကား -AFP