အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သုံးသန်းနီးပါးရှိလာ

တီဟီရန် ၇ ဇွန်

အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၆၁၂ ဦးထပ်မံတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၂၉၆၆၃၆၃ ဦး ရှိလာ ပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၂၂ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၈၁၀၆၃ ဦးရှိလာခဲ့ပြီဖြစ်ကြောင်း အီရန် ကျန်းမာရေးနှင့်ဆေးဘက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက ဆိုသည်။

လက်ရှိအချိန်အထိ ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက်ဆေးရုံများမှ ဆင်းသွားသူပေါင်း ၂၅၅၂၄၀၁ ဦး ရှိလာပြီဖြစ်သည်။ လက်ရှိ ပိုးတွေ့ဆဲလူနာများ အနက် ၃၇၆၉ ဦးသည် အထူး ကြပ်မတ် ကုသဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူ နေရကြောင်း သိရသည်။

ဇွန် ၅ ရက်အထိ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူပြီးသူပေါင်း ၄၂၀၃၇၈၄ ဦးရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးသူပေါင်း ၆၁၉၇၉၅ ဦး ရှိသည်။ အီရန်နိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ ဘာသာပြန်- အောင်ကျော်ကျော်