အီကွေဒေါနိုင်ငံ၌ ပေါက်ကွဲမှုဖြစ်ပွား ငါးဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

ဩဂုတ် ၁၅

 

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ဆိပ်ကမ်းမြို့ ဂွါယာကွေးတွင် ယမန်နေ့မနက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူငါးဦးသေဆုံးပြီး အခြား ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။

 

အဆိုပါပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ်ရှစ်လုံးနှင့်ယာဉ်နှစ်စီး ပျက်စီးခဲ့ကြောင်း အမျိုးသားဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားသည်။

 

ယင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်ခဲ့ကြောင်းနှင့် ထိုပြစ်မှု၏နောက်ကွယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဆက်နွယ်မှုရှိသည်ဟု ယူဆရသည်။

 

အီကွေဒေါသမ္မတ ဂီလာမိုလာဆိုက ထိုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဂွါယာကွေးတွင် ရက်ပေါင်း ၃၀ ကြာ အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့သည်။

 

၎င်းတိုက်ခိုက်မှုဖြစ်ပွားခြင်း၏အကြောင်းရင်းကို ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ကနဦးသတင်းဖော်ပြချက်အရ ဆိုင်ကယ်တစ်စီးဖြင့်လူနှစ်ယောက်သည် ပေါက်ကွဲစေတတ်ပစ္စည်းများပါသည်ဟုယူဆရသော အိတ်တစ်လုံးကိုပစ်ချခဲ့ သည်ဟု သိရသည်။

 

အီကွေဒေါအစိုးရက ထိုပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သတင်းပေးသူအား ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို