အီကွေဒေါမြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိလာ

မတ် ၃၀

အီကွေဒေါနိုင်ငံအလယ်ပိုင်း ချင်ဘိုရာဇိုပြည်နယ်တွင် မြေပြိုမှုဖြစ်ပွားသောကြောင့် သေဆုံးသူ ၁၃ ဦးရှိလာကြောင်း ရှေ့နေချုပ်ရုံးက ယမန်နေ့က ပြောကြားသည်။

အဆိုပါမြေပြိုမှုဖြစ်ပွားပြီးနောက် အပျက်အစီးများကြားတွင် လူသေအလောင်းထပ်မံတွေ့ရှိခဲ့ရာ ယခုချိန်အထိ သေဆုံးသူ ၁၃ ဦးရှိကြောင်း တွစ်တာတွင် ဖော်ပြထားသည်။

ထိုမြေပြိုမှုကြောင့် နေအိမ်အလုံး ၅၀ ထက်မနည်း ပြိုလဲကာမြေကြီးများဖုံးလွှမ်းသွားခဲ့သည်ဟု သိရသည်။

ကယ်ဆယ်ရေးသမားများ၊ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များနှင့် ဒေသခံများသည် ပျောက်ဆုံးနေသူ ၆၇ ဦးကို အသည်းအသန်ရှာဖွေနေကြသည်။

မတ်လ ၂၉ ရက်နေ့ညက နောက်ဆုံးဖော်ပြချက်အရ ၃၂ ဦး ကိုကယ်ဆယ်နိုင်ခဲ့ပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ လူပေါင်း ၅၀၀ ကျော်နှင့် နေအိမ်အလုံးပေါင်း ၁၆၃ လုံး ထိခိုက်မှုရှိသည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက်ပိုင်းတွင် မြေအနေအထားခိုင်မာမှုမရှိသဖြင့် မြေပြိုမှုများထပ်မံဖြစ်ပွားနိုင်သောကြောင့် သဘာဝဘေးဖြစ်ပွားမှုမြင့်မားသည့်ဒေသများမှဒေသခံများအား ဘေးကင်းရာသို့ရွှေ့ပြောင်းနေထိုင်ကြရန် အာဏာပိုင်များက တိုက်တွန်းပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို