အီကွေဒေါအကျဉ်းထောင်အတွင်း အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၁၅ ဦးထက်မနည်းသေဆုံး

အောက်တိုဘာ ၄

 

အီကွေဒေါနိုင်ငံအလယ်ပိုင်းတွင် ယမန်နေ့က အကျဉ်းထောင်အဓိကရုဏ်းဖြစ်ပွားမှုကြောင့် အကျဉ်းသား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ရှိကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။

 

အဆိုပါအကျဉ်းထောင်သည် အီကွေဒေါမြို့တော် ကွီတို၏တောင်ဘက် ကီလိုမီတာ ၈၀ ( မိုင် ၅၀ )အကွာတွင်တည်ရှိသည်ဟု သိရသည်။

 

အီကွေဒေါအကျဉ်းထောင်အာဏာပိုင်အဖွဲ့က ထိုလက်တာကွန်ဂါအကျဉ်းထောင်အတွင်း သေဆုံးမှုကို အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့်နှစ်က အီကွေဒေါအကျဉ်းထောင်များအတွင်း အကြမ်းဖက်မှုများကြောင်း အကျဉ်းသား ၃၁၆ ဦးခန့် သေဆုံးခဲ့သည်ဟု ထိုအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို