အေအင်န်အေ လေကြောင်းလိုင်းမှ ဝန်ထမ်းများကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးမှုစတင်

တိုကျို ၁၄ ဇွန်

အောလ်နီပွန်အဲဝေး (အေအင်န်အေ) မှ ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဟု သိရသည်။

ဂျပန်နိုင်ငံအတွင်း ဝန်ထမ်းများကို ကိုဗစ်-၁၉ကာကွယ်ဆေး ပထမဆုံးထိုးပေးသည့် လေကြောင်းလိုင်း ဖြစ်မည်ဟု ယူဆရသည်။ ဇွန် ၁၃ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေပြီး ဟာနီဒါလေဆိပ် အစည်း အဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေခြင်းဖြစ်သည်။

အခန်းအတွင်းသို့ မဝင်မီ လေယာဉ်ပိုင်းလော့များနှင့် လေယာဉ်အမှုထမ်းများ အပူချိန်တိုင်းတာမှုများ ပြုလုပ်ပေးခဲ့ သည်။ ကာကွယ်ဆေးမထိုးမီ ၎င်းတို့ ၏ကျန်းမာရေးအခြေအနေများကို ဆေးဘက်ဆိုင်ရာဝန်ထမ်းများက မေးမြန်းခဲ့ကြသည်။

ကာကွယ်ဆေးထိုးပေးသည့် ပထမနေ့တွင် လေယာဉ်ပိုင်းလော့ နှင့် အမှုထမ်း ၅၀ နီးပါးကို ထိုးပေးနိုင်ခဲ့သည်ဟု သိရသည်။

အင်န်အိတ်ချ်ကေ