အောင်ပန်းကုန်စိမ်းဈေးကွက်တွင် ရွှေပဲသီးများ အဝယ်လိုက်ပြီး စျေးကောင်းရနေ

ရန်ကုန် ဧပြီ ၂၉

ရှမ်းပြည်နယ်၊ အောင်ပန်းကုန်စိမ်းဈေးကွက်တွင် ဝယ်သူများနေသည့်အတွက် ရွှေပဲသီးများ စျေးကောင်းရနေကြောင်း အထက်ပါစျေးကွက်သို့ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ရွှေပဲသီးများဈေးများ စျေးကောင်းရနေသည့်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ပြီး ယခင်အပတ်များအတွင်းက ရွှေပဲသီးတစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ယခု ရက်သတ္တပတ်အတွင်း၌ ကျပ် ၁၀၀၀၀ အထိ စျေးနှုန်း ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

“တက်တာက ရွှေပဲသီးပေါ့။ ရွှေပဲသီးကလက်ရှိ တစ်သောင်းကျော်သွားပြီ။ တစ်သောင်းနဲ့ သုံးရာလောက် ထိရောက်သွားပြီ။ အရင်က ကျပ်ငါးထောင့်ငါးရာ ခြောက်ထောင်ပေါ့။ တစ်ပတ်အတွင်းမှာ တက်တာ။ အဓိကအဆွဲများတာပဲ။ အဆွဲများတော့ဈေးလိုက်သွားတဲ့ သဘောပါ။ တခြားဒေသက ဒီအချိန်နားတော့ ကုန်စိမ်းတွေလည်းမထွက်တော့ ဝိုင်းဆွဲကြတဲ့ သဘောပေါ့။ ပွဲရုံတွေကလည်းတက်ပေးရတာ။ မတက်ပေးရင် တောင်သူတွေက Complain တွေ လာနိုင်တယ်” ဟု အောင်ပန်း ကုန်စိမ်းပွဲရုံတစ်ရုံ မှ မန်‌ေနဂျာကပြောသည်။

ထိုသို့ စျေးကောင်းနေသော်လည်း မကြာမီ ကာလတွင် စျေးကျနိုင်ပြီး ခန့်မှန်းကာလကိုမူ ပြော၍ မရသေးသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

“ဈေးထပ်တက်ရင်လည်း ကျပ် ၁၁၀၀၀ ထိပဲတက်မှာပါ။ အဲဒါထက်ဝောာ့ မကျော်လောက်တော့ဘူး။ တအားကျော်ရင်တော့ မလိုက်နိုင်တော့ဘူး။ အဲဒီလိုဖြစ်ကုန်မယ်။ အဝယ်နည်းရင်တော့ကျမှာပါ။ ဘယ်ချိန်ကျမလဲဝော့ာမပြောနိုင်ဘူး။ စားသုံးသူနဲ့ စျေးကွက်နဲ့ ဆိုင်တာပေါ့။ ဒါကြောင့် အရောင်းသွက်နေတာပါ” ဟု ၎င်းက ဆိုသည်။

Thit Taw