မိတ္ထီလာ ဇူလိုင် ၁၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ) ၌ ဆဋ္ဌမအကြိမ် အောင်လက်မှတ် ပေးအပ်ပွဲကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပသည်။
ဦးစွာ အစိုးရနည်းပညာအထက်တန်း (မိတ္ထီလာ) မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား အစိုးရနည်းပညာအထက်တန်းကျောင်း အောင်လက်မှတ်များအတွက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ကြေညာခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း အောင်လက်မှတ်ပေးပွဲအခမ်းအနားမိန့်ခွန်းကို ဖတ်ကြားသည်။ ယင်းနောက် ကျောင်းအုပ်ကြီးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အဆောက်အအုံနည်းပညာသင်တန်း၊ အီလက်ထရောနစ်နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်းနှင့် အဆောက်အအုံပြုပြင်ထိန်းသိမ်းမှုသင်တန်းတို့မှ အောင်လက်မှတ်များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့သော ကျောင်းသား ကျောင်းသူများအား အစိုးရနည်းပညာအထက်တန်းကျောင်း အောင်လက်မှတ်များ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


