အစေ့ထုတ်ပြောင်းများ စျေးကောင်းရရှိစေရန် ခေတ်မီစက်များဖြင့် ခြွေလှေ့

စုကလိ ဇန်နဝါရီ ၂၆

 

အစေ့ထုတ်ပြောင်းများ စိုက်ပျိုးပြီးချိန်၊ ခူးဆွတ်ချိန်ကာလ ကျော်လွန်လာပြီးဖြစ်သဖြင့် သန့်စင်၍ အရည်အသွေး ပြည့်ဝသော ပြောင်းမျိုးကောင်း မျိုးသန့်များ ရရှိစေရေးအတွက် ခြွေလှေ့ခြင်း လုပ်ငန်းများအား ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ တောင်သူ ဦးစောကျေးထူး၏ ပြောင်းစိုက်ကွင်းတွင် စက်ကြီးများဖြင့် စတင်ခြွေလှေ့ခဲကြသည်။

 

ပြောင်းစျေးကွက်တွင် ယခင်နှစ်ထက် အမြတ်အစွန်းများရရှိ၍ စီးပွားရေး ကောင်းလာစေရန်နှင့် စုကလိမြို့သည် ရေခံမြေခံကောင်းသော မြို့ဖြစ်သဖြင့်် တစ်ပိုင်တစ်နိုင်မှ စျေးကွက်စီးပွားရေး ဖြစ်သည်အထိ အရည်အသွေးမြင့် အစေ့ထုတ်ပြောင်းစိုက် တောင်သူများက စိုက်ပျိုးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ ဝယ်ယူသူများထံမှ ယခင်နှစ်ထက် စျေးကောင်းပိုမိုရရှိခဲ့သည်။ သန့်စင်ခြွေလှေ့ပြီးသော ပြောင်းများအား ၁၅ ကီလိုပါ တစ်ပုံးလျှင် ထိုင်းဘတ်ငွေ ၅၀၀ အထိ စျေးကောင်းရရှိသောကြောင့် လာမည့်နှစ်အတွက် လျာထားဧက ပိုမိုစိုက်ပျိုးသွားမည်ဟု ဒေသခံတောင်သူများထံမှ သိရှိရသည်။

 

ပိုပို​အောင်(ပြန်/ဆက်)