အဘိဓမ္မာမြတ်ဒေသနာတော်(အခြေခံ) စာအုပ်ထွက်ရှိ

၂၀ ဇွန်

 

အဘိဓမ္မာတရားတိုးပွားစေရန် ရည်ရွယ်၍ စာရေးသူကိုကိုသန်းဝင်း စီစဉ်ရေးသားသည့် အဘိဓမ္မာမြတ် ဒေသနာတော်(အခြေခံ) စာအုပ် ထွက်ရှိလာသည်။

 

88888

 

စာရေးသူကိုယ်တိုင်ကြုံတွေ့ခံစားရသည်များကို ကိုယ်ချင်းစာနားလည်ကာ စတင်လေ့လာလိုသူများ အဆင်ပြေစွာလေ့လာနိုင်စေရန်အတွက်ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သည်။ အချို့ကို ဆရာတော်ကြီးများ၏စာအုပ်တွင် လေ့လာသည့်အခါ အလွန်ခက်ခဲသဖြင့် နားမလည်နိုင်သောကြောင့် ဆက်လက်မဖတ်ရှုနိုင်ကြောင်း သိရှိရသဖြင့် ထိုစာအုပ်ကို ဖတ်ရှုလေ့လာခြင်းဖြင့် အတော်အတန် နားလည်နိုင်လာမည်ဖြစ်သည်။ အဆိုပါစာအုပ်သည် အဘိဓမ္မာတရားတိုးပွားစေရေးအတွက် ရည်ရွယ်၍ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

 

ကြေးမုံ စာအုပ်စင်