အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်ရက်များ သတ်မှတ်

၇  ဖေဖော်ဝါရီ

 

အာရှဘောလုံးအဖွဲ့ချုပ်သည်  ၂၀၂၂ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲကို ယခုနှစ်အတွင်း ပြုလုပ်မည်ဖြစ်ပြီး ကျင်းပမည့်ရက်များ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲနှစ်ခု၏ ပထမအဆင့်ခြေစစ်ပွဲများကို မတ်နှင့် ဧပြီတွင် ကျင်းပရန်စီစဉ်ထား သော်လည်း အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် ကျင်းပမည့်ကာလ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 

ထို့ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်အုပ်စုပွဲများကို ၂၀၂၁ ခုနှစ် သြဂုတ် ၁၄ ရက်မှ ၂၂ ရက်၊ ဒုတိယအဆင့်ခြေစစ်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ ၇ ရက်အထိ၊ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်အုပ်စုပွဲများကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၆ ရက်အထိ၊ ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲများကို ဒီဇင်ဘာ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းခြေစစ်ပွဲနှစ်ခုစလုံးတွင် မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာရှဖလား ယူ-၂၀ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်နှင့် အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်တို့တွင် မြန်မာအသင်း ပါဝင်သောအုပ်စုအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းနည်းပြချုပ်အြဖစ် ဒေါ်သက်သက်ဝင်း၊ ယူ-၁၇ အမျိုးသမီးအသင်းနည်းပြချုပ်အြဖစ် ဒေါ်စန်းစန်းသိန်းတို့ကို တာဝန်ပေးထားသည်။ မြန်မာအမျိုးသမီးအသင်းများသည် ကပ်ရောဂါအခြေအနေကြောင့် စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိေသးသော်လည်း အာရှခြေစစ်ပွဲအောင်မြင်ရန် ပြင်ဆင်သွားမည် ဖြစ်သည်။

 

၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သည့် အာရှဖလား ယူ-၂၀ အမျိုးသမီးပြိုင်ပွဲ (ယခင် အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအမည်ဖြင့်ကျင်းပ) တွင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်ထိ ယှဉ်ပြိုင်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်