ရန်ကုန်    မေ    ၇

၂၀၂၆ အာရှဖလား ယူ-၂၇ အမျိုးသမီးပြိုင်ပွဲ အုပ်စု(A) နောက်ဆုံးနေ့ကို မေ ၇ ရက်က တရုတ်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

အုပ်စု(A) နောက်ဆုံးနေ့တွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အိမ်ရှင် တရုတ်အသင်းက ထိုင်းအသင်းကို ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရပါက အကောင်းဆုံး အုပ်စုတတိယနေရာရ ထိပ်ဆုံးနှစ်သင်းနေရာ မျှော်လင့်နိုင်မည်ဖြစ်သော်လည်း အရေး နိမ့်ခဲ့သဖြင့် အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် နိုင်ပွဲရရန်    ကြိုးပမ်းသော်လည်း  တိုက်စစ်ပိုင်း အဆုံးသတ်အားနည်းခြင်းကြောင့်  ဂိုးမရဘဲ  ဗီယက်နမ်အသင်းကို နှစ်ဂိုးပေးပြီးမှ ချေပဂိုးတစ်ဂိုးပြန်ပေးနိုင်သဖြင့် ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။

အုပ်စု(A) ပွဲစဉ်များအပြီးတွင် အိမ်ရှင်တရုတ်အသင်းက ကိုးမှတ်၊ ဗီယက်နမ်နှင့် ထိုင်းအသင်းက လေးမှတ်စီရရှိပြီး မြန်မာအသင်းက အမှတ်မရခဲ့ပေ။ ထို့ကြောင့် တရုတ်နှင့် ဗီယက်နမ်အသင်း ကွာတားဖိုင်နယ်တက်ရောက်သွားပြီး ထိုင်းအသင်းသည် ဂိုးကွာခြားချက်ကြောင့် တတိယနေရာ ရောက်ပြီး အကောင်းဆုံးအုပ်စုတတိယနေရာရရန်သာ မျှော်လင့်ရမည်ဖြစ်သည်။          

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MFF