အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်အသင်း စတင်တွေ့ဆုံ

ရန်ကုန် ၂၄ ဧပြီ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၂၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် ဥဇဘက်ကစ္စတန်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

0685

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် အုပ်စု(က)တွင် ဥဇဘက်ကစ္စတန်၊ သြစတြေးလျ၊ နီပေါအသင်းတို့နှင့် ကျရောက်နေ သည်။ အခြားအုပ်စုတွင်မူ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အီရန်နှင့် လက်ဘနွန်အသင်းတို့ ပါဝင်နေသည်။

 

မြန်မာအသင်းပါဝင်သည့် အုပ်စု (က) ပွဲစဉ်များကို ဧပြီ ၂၆၊ ၂၈၊ ၃၀ ရက်တွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပထမပွဲကို ညနေ ၄ နာရီ၊ ဒုတိယပွဲကို ည ၇ နာရီတွင် ကျင်းပမည်ဖြစ်သည်။

 

အုပ်စု (က) ပွဲစဉ်များအဖြစ် ဧပြီ ၂၆ ရက် ညနေ ၄ နာရီတွင် သြစတြေးလျအသင်းနှင့် နီပေါအသင်း၊ ည ၇ နာရီတွင် မြန်မာအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်း၊ ဧပြီ ၂၈ ရက် ညနေ ၄ နာရီတွင် နီပေါအသင်းနှင့် ဥဇဘက်ကစ္စတန်အသင်း၊ ည ၇ နာရီတွင် မြန်မာအသင်းနှင့် သြစတြေးလျအသင်း၊ ဧပြီ ၃၀ ရက် ညနေ ၄ နာရီတွင် သြစတြေးလျအသင်း၊ ည ၇ နာရီတွင် မြန်မာအသင်းနှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

အုပ်စု (က) အနေအထားအရ အာရှထိပ်သီး သြစတြေးလျအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အခြေ အနေအကောင်းဆုံးဖြစ်နေသောကြောင့် လက်ကျန်တစ်နေရာအတွက် မြန်မာနှင့် ဥဇဘက်ကစ္စတန် အသင်းတို့ အပြိုင်လုရဖွယ်ရှိနေရာ မြန်မာအသင်းအတွက် အဖွင့်ပွဲတွင် ရလဒ်ကောင်းရရန် လိုအပ်နေသည်။ ယင်းခြေစစ်ပွဲကို မြန်မာပရိသတ်များ တစ်ခဲနက် လာရောက်အားပေးနိုင်ရန် ဝင်ကြေးအခမဲ့သတ်မှတ်ထားသည်။

 

ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြများအဖြစ်-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ကစားသမားများအဖြစ် ဂိုး-ဇူးလတ်နဒီ၊ ပိုးဥ၊ ခင်မြတ်မိုး၊ နောက်တန်း- နှင်းမြသဇင်၊ နော်ထက်ထက်ဝေ၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ သဇင်အောင်၊ ကြည်ပြာလင်း၊ မိုးမမစိုး၊ အိအိကျော်၊ ဖြူဖြူဝင်း၊ အလယ်တန်း-မိုးမိုးသန်း၊ ဘွဲ့လျန်ကိန်း၊ မေဖူးကို၊ အေးအေးထွေး၊ လင်းမြင့်မိုရ်၊ သီတာဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ ရှေ့တန်း-စန်းသော်သော်၊ နွယ်နီဝင်း၊  အေးမြတ်ခိုင်၊ မြတ်နိုးခင်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်