၂၆ ဩဂုတ်
အာဖရိကနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက် အများဆုံးအချိန်ကို ကျော်လွန်ပြီးကြောင်း ဒေသတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ ဒါရိုက်တာက အင်္ဂါနေ့က ခန့်မှန်းပြောဆို လိုက်ပါတယ်။
အာဖရိကဆိုင်ရာ WHOရဲ့ ဒါရိုက်တာမိုတီက အာဖရိကမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အမြင့်ဆုံးဖြစ်တာကိုတွေ့ခဲ့ရကြောင်း၊ လက်ရှိ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူနဲ့ သေဆုံးသူ အရေအတွက် ကျဆင်းနေတာကို မြင်ရကြောင်း၊ ဒါပေမယ့် နမီးဗီးယားလို နိုင်ငံမှာတော့ ပိုးတွေ့ရှိသူတွေ ဆက်လက်များနေကြောင်း အွန်လိုင်းအစည်းအဝေးမှာ ပြောကြားသွားပါတယ်။
အာဖရိကတိုက်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့စပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁ ဒသမ ၂ သန်း ရှိပြီး သေဆုံးသူ ၂၈,၀၀၀ ကြောင်း၊ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူရဲ့ တစ်ဝက်ကျော်ဟာ တောင်အာဖရိကနိုင်ငံက ဖြစ်ကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်းကျဆင်းနေပေမယ့် နောက်တစ်ကြိမ် ပြန်လည်ကူးစက်မှာကို အလွန် စိုးရိမ်နေကြောင်း ပြောပါတယ်။
အာဖရိက အစိုးရတွေက နိုင်ငံတွင်းပြဋ္ဌာန်းထားတဲ့ အသွားအလာကန့်သတ်မှုကို ရုပ်သိမ်းပြီး စီးပွားရေး လုပ်ငန်းတွေ စတင်လည်ပတ်တော့မှာ ဖြစ်တဲ့အတွက် ကာကွယ်ရေးကို ပိုမိုလုပ်ဆောင်ဖို့လိုအပ်ကြောင်း ဒါရိုက်တာ မိုတီက ပြောပါတယ်။
အာဖရိက နိုင်ငံတွေရဲ့ ကျန်းမာရေးစနစ်ဟာ မကောင်းတဲ့အတွက် ကပ်ရောဂါအတွင်းမှာ ပြိုကျသွားမှာကို စိုးရိမ်နေခဲ့ကြပါတယ်။
အီသီယိုးပီးယား ဝန်ကြီးချုပ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကနေ အမြတ်ထုတ်ပြီး နိုင်ငံရဲ့ ကျန်းမာရေးကို စနစ်ကို ကောင်းမွန်အောင်လုပ်ဆောင်နေကြောင်း၊ နိုင်ငံရဲ့ ကျန်းမာရေးစနစ်က နိုင်ငံရဲ့လုံခြုံရေးနဲ့ ရှင်သန်ရေးကို အလွန်ရေးပါကြောင်း ကိုရိုနာဗိုင်းရပ်စ်က သင်ပေးထားတယ်လို့ ပြောကြားပါတယ်။
MDN
ကိုးကား - AFP