နိုင်ရိုဘီ  မတ်  ၂၄

အာဖရိကအရှေ့ပိုင်းနှင့်   တောင်ပိုင်း  ၁၆   နိုင်ငံ၌ ၂၀၂၄ ခုနှစ်   ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် မတ်လ အထိ ကာလဝမ်းရောဂါဖြစ်ပွားသူ  ၁၇၈၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က မတ် ၂၄ ရက်တွင် ထုတ်ပြန်သည်။

ရေအရင်းအမြစ်ရရှိမှု၊     ရေဆိုးမြောင်းစနစ်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးဆောင်ရွက် မှု ကန့်သတ်ချက်များကြောင့်  ထိတ်လန့်ချောက်ချားစရာကောင်းသည့်   အရေအတွက်အထိ ဖြစ်ပွား လာခဲ့ခြင်းဖြစ်သည်။  ကလေးတိုင်း အနာဂတ်ကို ပိုင်ဆိုင်သင့်သည်ဟု ယုံကြည်ယူဆသည့် အစိုးရ များ၊ ပုဂ္ဂလိကကဏ္ဍများနှင့် တစ်ဦးတစ်ယောက်ချင်းစီ၏ ကူညီထောက်ပံ့ပေးမှုများ      ဆက်လက် လိုအပ်ကြောင်း အာဖရိကအရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသဆိုင်ရာ ယူနီဆက်ဖ်ဌာနေ ကိုယ်စားလှယ် အက်တလီဗာ ကာဒယ်လီက ကင်ညာမြို့တော်  နိုင်ရိုဘီတွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ယူနီဆက်ဖ်၏ ထုတ်ပြန်ချက်အရ တောင်ဆူဒန်နှင့် အင်ဂိုလာတို့သည် ဆိုးရွားပြင်းထန်သော ကာလ ဝမ်းရောဂါနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ဆင်ဟွာ