ကဘူးလ် ဇူလိုင် ၂၂
အာဖဂန်နစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် အနည်းဆုံး လူ ၂၃ ဦး သေဆုံးခဲ့ပြီး၊ အခြား လူ ၁၀၀ ကျော်မှာလည်း ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ နူရီစတန်ပြည်နယ်တွင် ဇူလိုင် ၂၀ ရက်က ရုတ်တရက်ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၁ ရက်အထိ လူ ၈၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်များက ပြောကြားသည်။
ပြည်နယ်မြို့တော် ပါရမ်သည် ရေကြီးရေလျှံ ခံစားခဲ့ရသောနေရာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အိုးအိမ်များ၊ ဈေးဆိုင်များ၊ ဟိုတယ်များအပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့သည်။ ဒေသဆိုင်ရာအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ရယူလိုက်ပြီးနောက် နိုင်ငံ့စီးပွားရေးသည် ဆက်လက်ရုန်းကန်နေရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တာလီဘန်လက်အောက်တွင် နိုင်ငံ့အခြေခံအဆောက်အအုံအနည်းငယ်သာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။
အင်န်အိတ်ချ်ကေ


