ကဘူးလ် အောက်တိုဘာ ၁၃
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ အောက်တိုဘာ ၁၂ ရက်က တရားမဝင်မူးယစ်ဆေးဝါး ၁၀ ဒသမ ၃ တန်ကို မီးရှို့ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန် သည့် ထုတ်ပြန်ချက်အရ သိရသည်။
ဘိန်း၊ ဆေးခြောက်နှင့် ဘိန်းဖြူထုတ်လုပ်ရာတွင် အသုံးပြုသည့် အခြားပစ္စည်းများကဲ့သို့သော တရားမဝင်မူးယစ်ဆေးဝါးမျိုးစုံပါဝင်သည့် တရားမဝင်ပို့ကုန်သွင်းကုန်များကို စစ်ဆင်ရေးလုပ်ငန်းများတွင် စုစည်းခဲ့ရာ အဆိုပါပစ္စည်းများကို အောက်တိုဘာ ၁၃ ရက်တွင် မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရဲတပ်ဖွဲ့က ပြည်နယ်အတွင်း မည်သူ့ကိုမဆို တရားမဝင်သီးနှံများ စိုက်ပျိုးခြင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်းကို ခွင့်မပြုကြောင်း သိရသည်။
အာဖဂန်အစိုးရက မူးယစ်ဆေးဝါးကင်းစင်သည့်နိုင်ငံ ဖြစ်လာသည်အထိ တရားမဝင်မူးယစ်ဆေးဝါးများကို တိုက်ဖျက်ရာတွင် ကြိုးပမ်းသွားမည်ဟု ကတိပြုထားပြီး ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးများထုတ်လုပ်ခြင်းနှင့် မူးယစ်ဆေးဝါးများ ကုန်ကူးခြင်းကို တားမြစ်ထားကြောင်း သိရသည်။
ဆင်ဟွာ


