ကဘူးလ်  ဇန်နဝါရီ  ၂၈

အာဖဂန်နစ္စတန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးများအာဟာရ ချို့တဲ့မှုပြဿနာနှင့် ရင်ဆိုင်နေရသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး နှစ်စဉ် ကလေးပေါင်း ၃ ဒသမ ၇ သန်းမှာ ပြင်းထန်သည့် အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရသည်ဟု ယူနီဆက်ဖ်၏  ဇန်နဝါရီ  ၂၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယူနီဆက်ဖ်၏  ဒေသဆိုင်ရာ ကိုယ်စားလှယ်က မြို့တော်ကဘူးလ်တွင် ပြုလုပ်သည့် အာဟာရချို့တဲ့မှု  ကာကွယ်ခြင်းနှင့် ကုသခြင်းလမ်းညွှန်ချက်များ ပြန်လည်ပြင်ဆင်မွမ်းမံမှု  စတင်မိတ်ဆက်သည့် အခမ်းအနားတွင် အထက်ပါအတိုင်း  ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဟာရချို့တဲ့မှုသည် ကလေးငယ်များ၏ အသက်အန္တရာယ်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး   မိသားစုတစ်စုချင်းစီမှ  လူ့အဖွဲ့အစည်းတစ်ခုလုံးကို  ရိုက်ခတ်နိုင်စွမ်းရှိသည်။          

ဆင်ဟွာ