ကဘူးလ်  ဇန်နဝါရီ  ၂၅

ပြီးခဲ့သည့်တစ်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံရှိ  ကလေးငယ်လေးသန်းကျော်ကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)၏    ထောက်ပံ့ကူညီမှုဖြင့် ဆက်လက်ပညာသင်ကြားနိုင်ရေး ပံ့ပိုးပေးခဲ့ကြောင်း ဒေသမီဒီယာ တိုလိုသတင်းဌာနတွင်  ဇန်နဝါရီ ၂၅ ရက်က အစီရင်ခံဖော်ပြထားသည်။

အစီရင်ခံဖော်ပြချက်အရ ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို အသစ်တည်ဆောက်ခြင်းနှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံ၏ ပညာရေးစနစ်ကို အားကောင်းခိုင်မာစေရေး ပံ့ပိုးကူညီပေးနိုင်ရန်   ဆရာမ   ၈၀၀၀  ခန့်ကို သင်တန်းများပေးခဲ့ကြောင်း သိရသည်။

ပညာရေးကို ပြန်လည်အသက်သွင်းခြင်းမှာ ကလေးငယ်များ၏ မျှော်လင့်ချက်များကို ဆက်လက်ရှင်သန်စေရန်နှင့်  ကလေးငယ်များ၏ အနာဂတ်စိတ်ချခိုင်မာစေရန် အလွန်အရေးကြီးကြောင်း  အစီရင်ခံစာတွင်  အလေးပေးဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်ယူမှုအခွင့်အလမ်းများပိုမိုရရှိရေး တိုးမြှင့်လုပ်ဆောင်ခြင်းမှာ ထိပ်တန်းဦးစားပေးလုပ်ငန်းစဉ်အဖြစ်    ဆက်လက်ရှိနေကြောင်း သိရသည်။                                  

ဆင်ဟွာ