အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

နေပြည်တော်  ဒီဇင်ဘာ  ၃အားကစားနည်းပြသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက “မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ နည်းပြများ၏ အရည်အသွေးများ/ အရည်အချင်းများ၊ အားကစားစွမ်းဆောင်မှုများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ ယခု အားကစားနည်းပြ သင်တန်းကို တစ်လကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲနေသော နည်းပြခြင်းဒဿနနှင့် နည်းလမ်းများ၊ လူထုအားကစား၊ အားကစားဆိုင်ရာ စီမံခန့်ခွဲမှု၊ အားကစားနှင့်သက်ဆိုင်သော ဆေးဘက်ဆိုင်ရာ အသိပညာများကို သင်ကြားပို့ချပေးခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ လေ့ကျင့်ပေးရမည့် အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းကောင်းမွန်မှု များနှင့်အတူ အားကစားနည်းစနစ်ပိုင်းများကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်း(Youth Camp)သို့ ရောက်ရှိလာသော လူငယ်အားကစားသမားများသည် ကျောက်အရိုင်းတုံးများဖြစ်သကဲ့သို့ ၎င်းတို့အား တန်ဖိုးရှိသော အဖိုးတန်ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် နည်းပြများတွင် အဓိကတာဝန်ရှိကြောင်း၊ အရည်အချင်းပြည့်ဝသော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် သိပ္ပံနည်းကျသည့် လေ့ကျင့်မှုများ၊ ပြောင်းလဲတိုးတက်နေသည့် ခေတ်မီနည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာနေရန်လိုအပ်ကြောင်း။

 

သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက်တိုးတက်ရန် လေ့လာဆောင်ရွက်ခြင်းဖြင့် နည်းပြဆရာကောင်းများဖြစ်ရန် ကြိုးစားနေထိုင်သွားကြရန်လိုအပ်ကြောင်း၊ နည်းပြများ အနေဖြင့် မိမိတို့ သင်ကြားလေ့ကျင့်ပေးမည့် အားကစားသမားများထက် အားကစားဆိုင်ရာ ဘာသာရပ်တိုင်း၊ အားကစားနည်းတိုင်းတွင် ပိုမိုကျွမ်းကျင်ပြီး စနစ်တကျ သင်ကြားလေ့ကျင့်ပေးနိုင်ရန်အတွက် အဆက်မပြတ် လေ့လာနေရန်လိုအပ်ကြောင်း၊ နည်းပညာတိုးတက်နေသည့် ခေတ်ကာလဖြစ်၍ လေ့လာလိုသည်များကို အလွယ်တကူရှာဖွေလေ့လာ အသုံးပြုနိုင်သည့်အတွက် မိမိတို့ကိုယ်တိုင် လုပ်ချင်ကိုင်ချင်စိတ်၊ လေ့လာလိုစိတ်နှင့် ဝမ်းစာဖြည့်လိုစိတ်များရှိရန လိုအပ်ကြောင်း၊ အားကစား အဆင့်အတန်းဖြင့် နိုင်ငံဂုဏ်ဆောင်နိုင်မည့် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ် အားကစား သမားများအား မွေးထုတ် ပေးနိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က သင်တန်းသားများကိုယ်စား သင်တန်းသား သင်တန်းသူ ကိုယ်စားလှယ်နှစ်ဦးအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းနည်းပြများ ကိုယ်စား သင်တန်းနည်းပြ နှစ်ဦးကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်