အာဂျင်တီးနားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃၈၉ ဦး ထပ်မံတွေ့ရှိ

ဇွန် ၂၉

အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃၈၉ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၂၃၆၃၆ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၅၇၆ ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၉၃၁၄၂ ဦးအထိ ရှိသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသူ ၄၀၄၆၃၀၈ ဦးရှိသည်။

လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၄၁၈၆ ဦးရှိနေဆဲ ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၁၆၁၇၃၃၄၀ ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၃၉၈၃၂၈၈ ဦးရှိရာ နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၂၀၁၅၆၆၂၈ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို