အာဂျင်တီးနားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်သိန်းကျော်သွားကြောင်း သတင်းထုတ်ပြန်

 

၁၃ ဇူလိုင်

အာဂျင်တီးနားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀၀,၀၀၀ ကျော်သွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ ဘရူနို အာရီ့စ်ဟာ နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများတဲ့ နေရာဖြစ်တဲ့အတွက် အသွားအလာ ကန့်သတ်မှုကို ရက်တိုးထားကြောင်း သိရပါတယ်။

နိုင်ငံမှာ ကပ်ရောဂါပိုးကူးစက်ခံရသူ ၁၀၀,၁၅၃ ဦး ရှိပြီး ၄၃,၀၀၀ က ပြန်လည်ကျန်းမာလာပြီး ၁,၈၄၅ ဦးက သေဆုံးကြောင်း ထုတ်ပြန်ထားပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့ လူနေထူထပ်တဲ့ ဘရူနိုအာရီ့စ်မှာ အသွားအလာကန့်သတ်မှုဟာ သောကြာနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေက ကန့်သတ်မှုတွေကို ဆက်လက်ထားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်နေဆဲဖြစ်ပါတယ်။ အသွားအလာကန့်သတ်ထားပေမယ့် ဆိုင်အချို့ဟာ ဆက်လက် ဖွင့်ထားခွင့် ပေးပြီး ပန်းခြံတွေမှာ လေ့ကျင့်ခန်းလုပ်ခွင့်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ ၂၀၁၈ ခုနှစ်ကစပြီး စီးပွားရေးကျဆင်းနေရာ အခုချိန်မှ ကပ်ရောဂါပိုးကြောင့် ပိုမို အထိနာကြောင်း သိရပါတယ်။ အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးဟာ ၁၀ ရာခိုင်နှုန်း ကျဆင်းနေကြောင်း ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်။

လက်တင်အမေရိကန် နိုင်ငံတွေဟာ ကပ်ရောဂါပိုးဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ ကပ်ရောဂါပိုးဒဏ် ဒုတိယ အဆိုးဆုံးခံစားရတဲ့ နိုင်ငံ အဖြစ် သေဆုံးသူ ၇၀,၀၀၀ ကျော်ရှိနေတဲ့ နိုင်ငံဖြစ်နေပါတယ်။

MDN

ကိုးကား - AFP

107727254_635832570367498_2802853476050087936_n107701395_332810661447285_8892210971821922962_n

 

1