ပရီမီယာလိဂ်ပွဲစဉ်(၂၉)ရဲ့  အစောဆုံးပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့  ပွဲစဉ်မှာ  အာဆင်နယ်အသင်းက အိမ်ကွင်းအမ်းမရိတ်မှာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစားချိန် ၂၁ မိနစ်မှာ ဆာလီဘာက တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၆၆ မိနစ်မှာ တင်ဘာက တစ်ဂိုးသွင်းယူပေးခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ပထမပိုင်းပွဲကစားချိန် ၄၅ မိနစ်အပြီး နာကျင်အချိန်ပို နှစ်မိနစ်မှာ အာဆင်နယ်အသင်းနောက်တန်းကစားသမား ဟင်ကာပီရဲ့ ကိုယ့်ဂိုးကို သွင်းယူမိခဲ့သလို ဖြစ်ခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။             

အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာ  ချယ်လ်ဆီးအသင်းဟာ ချေပဂိုးပြန်လည်ရရှိရေး ကြိုးစားရင် ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ မှာ ပက်ဒရိုနက်တို နှစ်ဝါတစ်နီနဲ့   ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့  ကစားခဲ့ရတာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့အတူ သွင်းဂိုးတစ်ဂိုး  သွင်းယူပေးနိုင်ခဲ့တဲ့ တင်ဘာရဲ့ သွင်းဂိုးဟာ ယခုနှစ် ဘောလုံးရာသီအတွင်း ထောင့်ကန်ဘောမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့တဲ့ ၁၆ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီးအသင်းကို  အနိုင်ရရှိခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းထက် တစ်ပွဲပို ကစားပြီးချိန်မှာ ငါးမှတ်ဖြတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။  ချယ်လ်ဆီးအသင်းကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့်(၅)နေရာ တက်လှမ်းနိုင်မယ့်အခွင့်အရေးဆုံးရှုံးခဲ့ပြီး အဆင့်(၆)နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်