(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ စစ်တွေမြို့ အထင်ကရနေ့ရာများသို့ လည်ပတ်

စစ်တွေ၊    ၁၂ ဖေဖော်ဝါရီ

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများသည် ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင်  စစ်တွေမြို့ အထင်ကရနေ့ရာများသို့ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် ချင်းတိုင်းရင်းသား ကိုယ်စားလှယ်များသည် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်၊ စင်္ကြာမုနိဘုရားနှင့် စစ်တွေမြို့၏ အထင်ကရနေရာဖြစ်သော ဗျူးပွိုင့်တို့ကို သွားရောက်လေ့လာခဲ့ကြသည်။

ပြည်ထောင်စုနေ့အခမ်းအနားသို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ရခိုင်၊ သက်၊ ဒိုင်းနက်၊ ခမီ၊ မြိုနှင့် မာရမာကြီး တိုင်းရင်းသားများနှင့်အတူ ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ချင်းတိုင်းရင်းသား များလည်း ရောက်ရှိကြကြောင်း သိရသည်။

ကံထွန်း