ရန်ကုန်      ဇူလိုင်     ၂၀

မလေးရှားနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်း ပဏာမ လက်ရွေးစင်အလေးမအားကစားသမားများနှင့် ဝူရှူးအားကစားသမားများကို စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိကြောင်း အားကစားရေးရာဝန်ကြီးဌာနမှ သိရသည်။

အလေးမနှင့် ဝူရှူးအားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုကို ယနေ့တွင်  အားကစားရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးညီညီက သွားရောက်ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများအနေဖြင့် လေ့ကျင့်မှုများ  သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့် ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြား၍ အားကစားသမားများ၏ တင်ပြချက်များနှင့်  လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။            

သတင်းစဉ်