၃ နှစ်အတွင်း တတိယမြောက်အယ်လ်ဘမ် Positions ကို မိတ်ဆက်လိုက်တဲ့ Ariana Grande

၃၁  အောက်တိုဘာ

Ariana Grandeဟာ ၎င်းရဲ့၃နှစ်အတွင်း တတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ Positions ကို မနေ့ကမိတ်ဆက် ချပြခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အသံချိုချို အေးအေးလေးနဲ့ သီဆိုထားပါတယ်။

 

Title Song ကိုတော့ ယခင်တစ်ပတ်ကတည်းက လိုင်းပေါ်တင်ပေးခဲ့တာပါ။ MV မှာတော့ သမ္မတတစ်ယောက်ပုံစံမျိုး အိမ်ဖြူတော်နဲ့ ဘဲဥပုံရုံးခန်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ Grande နဲ့အတူ အခြားအမျိုးသမီး သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ ကပ်ရောဂါလည်းဖြစ်နေ ရွေးကောက်ပွဲကလည်းရှိတဲ့ အချိန်မျိုးမှာမှ ၎င်းရဲ့ ၆ ခုမြောက် အယ်လ်ဘမ်ကို ထုတ်ဝေလိုက်တာပဲ ဖြစ်ပါတယ်။

 

အင်တာဂရမ်နဲ့ တွစ်တာမှာ follower ပေါင်း သန်း၃၀၀နီးပါး ရှိတဲ့အထိ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။

Source – AFP

#MRTV