၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော်  ၂၁ ဇွန်

 

ယနေ့ မြန်မာစံတော်ချိန် ၁၆ နာရီ၊ ၄၀ မိနစ်၊ ၁၅ စက္ကန့်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၄၇)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (ပုလဲမြို့၏ တောင်-အ‌ရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၉) ဒီဂရီ၊ အနက် (၇၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

မိုး/ဇလ