၂၀၄၅ ခုနစ်မှာ တီဘီရောဂါ အပြီးတိုင် တိုက်ဖျက်နိုင်မယ်လို့ ပညာရှင်များပြော

၂၃ မတ်

 

တီဘီရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေသာ ထောက်ပံ့မယ်ဆိုရင် ၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာမြေပေါ် ကနေ တီဘီရောဂါကို အပြီးတိုင် တိုက်ဖျက်နိုင်မယ်လို့ နိုင်ငံတာကာပညာရှင် များအဖွဲ့က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ 

 

အဆုတ်ရောဂါရပြီဆိုရင် အချိန်မီ ကာကွယ်နိုင်၊ ကုသနိုင်တဲ့အတွက် တစ်နှစ်ကို လူ ၁ ဒသမ ၆ သန်းလောက်ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ရပါတယ်။ 

 

ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက်ရော၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်ပါ တီဘီရောဂါဟာ ငွေအမြောက်အများ ကုန်ကျစေပါတယ်။ ဒါက သိပ်ပြီး ခက်ခဲတာမဟုတ်။ 

 

ကာကွယ်ရေး နည်းဗျူဟာသာ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့ ရဲ့ အထူးကိုယ်စားလှယ် အဲရစ် ဂုစ်ဘီ က ပြောပါတယ်။ 

 

တီဘီရောဂါကြောင့်သေဆုံးသူ အရေအတွက် ဟာ HIV/AIDS ရောဂါနဲ့ ငှက်ဖျားရောဂါနှစ်ခုပေါင်း ရောဂါရှင် သေဆုံးသူ နီးပါရှိနေပေမယ့် ဈေးကွက်မှာ တီဘီရောဂါကာကွယ်ရေးဆေးအသစ် မရှိသေးတာကို တွေ့ရပါတယ်။ 

 

နိုင်ငံပေါင်း ၁၃ နိုင်ငံက ပညာရှင်များပါဝင်တဲ့အဖွဲ့ဟာ သုတေသနလုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရန်ပုံငွေလိုအပ်ကြောင်း၊  ကမ္ဘာမှာ တီဘီရောဂါကြောင့် ဆေးကုသမှု နဲ့ ကုန်ထုတ်မှုဆုံးရှုံးမှု နှစ်ခုပေါင်းရင် တစ်နှစ်ကို ၃၂ ဘီလီယံ ရှိကြောင်း  ပညာရှင်တွေက နှိုင်းယှဉ်ပြောကြားပါတယ်။  

 

MDN

 

ကိုးကား - AFP

 

8d7314c9e8