နေပြည်တော် ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော (President Cup) ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်  ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှ Junior ပြိုင်ပွဲများကို  ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၀ ရက်အထိ၊ Tour Pro၊ Senior Pro နှင့် ဝါသနာရှင်အဆင့် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ ရေတံခွန်တောင်ဂေါက်ကွင်း (မန္တလေး)တွင် လည်းကောင်း၊ ဝါသနာရှင်အဆင့်၊ သက်ကြီးတန်း ဝါသနာရှင်အဆင့်နှင့် Junior (15-18)  ပြိုင်ပွဲများကို မတ် ၉ ရက်မှ ၁၂ ရက်အထိ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)တွင်လည်းကောင်း၊  Tour Pro၊ Senior Pro၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲများကို မတ် ၁၆ ရက်မှ ၁၉ ရက်အထိ မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။

Junior အဆင့်  ဂေါက်သီးရိုက်ပြိုင်ပွဲတွင်  အမျိုးသား ၁၂ နှစ်အောက်သက်တမ်း၊ ၁၄ နှစ်အောက် သက်တမ်း၊ ၁၈ နှစ်အောက် သက်တမ်းနှင့် အမျိုးသမီး ၁၈ နှစ်အောက်သက်တမ်းများ ပါဝင်မည်ဖြစ်ပြီး ဝါသနာရှင်အဆင့်တွင် အမျိုးသား (H’cap 0-12) အဆင့်နှင့် အမျိုးသမီး (H’cap 0-16) အဆင့်ရှိသူ ကစားသမားများကို ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို R & A Rule Limited နှင့် USGA တို့၏ Rule of Golf 2023 ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရ စည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲစာရင်းပေးသွင်းမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                          

ကိုညီလေး