ဘန်ကောက် ဒီဇင်ဘာ ၈
ထိုင်းဝန်ကြီးချုပ်သည် မကြာမီကျင်းပတော့မည့် အထွေထွေ ရွေးကောက်ပွဲများအပြီး နောက်ထပ်နှစ်နှစ်ကြာသည့်တိုင် ဝန်ကြီးချုပ်အဖြစ် တာဝန်များ ဆက်လက်ထမ်းဆောင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားလိုက်သည်။
ဝန်ကြီးချုပ်သည် နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ၎င်း၏အနာဂတ်နိုင်ငံရေးကို ပထမဆုံးမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ပရာယွတ်ချန်အိုချာသည် သတင်းထောက်များကို ဒီဇင်ဘာ ၆ ရက်က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ပရာယွတ်ချန်အိုချာသည် ဝန်ကြီးချုပ်ရာထူးတွင် လာမည့် ၂၀၂၅ ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်လိုသေးကြောင်း ပြောကြားလိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသည့် ရှစ်နှစ်ကြာသက်တမ်း ပြီးဆုံးချိန် ၂၀၂၅ ခုနှစ်အထိ တာဝန်များ ဆက်လက်ထမ်း ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် အာဏာကိုလွှဲပြောင်းပေးမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဆင်ဟွာ