၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်သစ် ပထမနေ့တွင် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၂၈၈၀၁ ) ဦးရှိ

နေပြည်တော်၊ မတ် ၁၁

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်သစ် ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာစာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း( ၁၂၈၈၀၁ ) ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြား စာစစ်ဌာန ( ၁၁ ) ခုနှင့် ပြည်တွင်း စာစစ်ဌာန (၈၃၀ ) စာစစ်ဌာန စုစုပေါင်း (၈၄၁) ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၁၄၆၅၂၃) ရှိပြီး စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း (၁၂၈၈၀၁) ဦး ၊ ပျက်ကွက် (၁၇၇၂၂) ဦး ရှိကာ ဖြေဆိုသူ (၈၇ဒသမ ၉၀) ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်