၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန
၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများခေါ်ယူခြင်း
    
အစိုးရနည်းပညာကောလိပ် နှင့် အစိုးရစက်မှုလက်မှုသိပ္ပံတို့တွင် ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ် အတွက် A.G.T.I ပထမနှစ်သင်တန်းသားများကို ခေါ်ယူမည်ဖြစ်ပါသဖြင့် ဝင်ခွင့်လျှောက်လွှာများကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံများ၌ (၁၂-၅-၂၀၂၂) ရက်တွင် စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို (၃၁-၅-၂၀၂၂) ရက် နောက်ဆုံးထား၍ မိမိတို့ တက်ရောက်လိုသည့် ကျောင်းသို့ ပြန်လည်တင်သွင်းရမည် ဖြစ်ပါသည်။

နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန