၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၄

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များကို ယနေ့ညနေ ၃နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းရှိ သတ်မှတ်ထားသည့် လေ့ကျင့်ရေးကွင်းများ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ကြည့်ရှု အားပေးကြသည်။ 

အုပ်စု(ခ)၏ နောက်ဆုံးပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်ဇုန် အသင်းက မန္တလေးဇုန်အသင်းကို ၂ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိပြီး တောင်ကြီးဇုန်အသင်းနှင့် မကွေးဇုန်အသင်းတို့သည် တစ်ဖက်၁ဂိုးစီဖြင့် သရေကျသည်။ 
    
ယနေ့ကစားခဲ့သည့် အုပ်စု(ခ)၏ အုပ်စုပတ်လည်ပြိုင်ပွဲအပြီးတွင် ရမှတ်များအရ မော်လမြိုင်ဇုန်အသင်းက အုပ်စုပထမဖြင့်လည်းကောင်း၊ မကွေးဇုန်အသင်းက အုပ်စု ဒုတိယဖြင့်လည်းကောင်း ဆီမီးဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်သွားကြသည်။
    
ဖေဖော်ဝါရီ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စု(က)တွင် ရန်ကုန်ဇုန် အသင်းက အုပ်စုပထမ၊ ပုသိမ်ဇုန်အသင်းက အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက် ရောက်ခဲ့ပြီးဖြစ်ရာ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်ဇုန်အသင်းနှင့် မကွေးဇုန်အသင်း၊ ညနေပိုင်းတွင် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့သည် ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြရမည်ဖြစ် ကြောင်း သိရသည်။ 


(သတင်းစဉ်)