၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ယူနိုင်ရန် စီစဉ်လျက်ရှိ

နေပြည်တော်၊  ၁၅   ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ထုတ်ယူနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများသို့ ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဇန်နဝါရီ ၁၇ ရက်နေ့ နောက်ပိုင်းတွင် COVID-19 ရောဂါအခြေအနေပေါ် မူတည်ပြီး အခြေခံပညာကျောင်းများတွင် ထုတ်ပေးနိုင်ရန် စီစဉ်ဆောက်ရွက်မည်ဖြစ်သည်။

 

လက်ရှိ ဇန်နဝါရီ ၁၇ ရက်နေ့၌ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို Website တွင် အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

#MRTV