၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်  ၈   ဇန်နဝါရီ

 

၂၀၂၀ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စက်ဘီးပြိုင်ပွဲများကို ယနေ့ နံနက် (၇) နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှေ့၊ ဝဏ္ဏသိဒ္ဓိပတ်လမ်းတွင် ကျင်းပသည်။

 

5

 

ယနေ့ ပြိုင်ပွဲများအဖြစ် အမျိုးသမီးမီတာ (၃၀ဝ၀)တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား မီတာ (၃၀ဝ၀) တစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီး (၉)ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ၊ အမျိုးသား (၁၅) ကီလိုမီတာ နောက်ကျန်ထွက်ပြိုင်ပွဲ ပြိုင်ပွဲများကျင်းပခဲ့သည်။

 

2

 

အမျိုးသမီး မီတာ (၃၀ဝ၀)တစ်ဦးချင်းစက်ဘီးပြိုင်ပွဲတွင် ပထမ ခင်နှင်းဝေ (မကွေး) ၊ ဒုတိယ သင်းကလျာစိုး (မန္တလေး) ၊ တတိယ စိုးစန္ဒာဝင်း (တနင်္သာရီ) ၊ အမျိုးသားမီတာ (၃၀ဝ၀) တစ်ဦးချင်း စက်ဘီး ပြိုင်ပွဲတွင် ပထမ ရှိုင်းထက်အောင် (မန္တလေး) ၊ ဒုတိယ ညီညီအောင် (ရန်ကုန်)  ၊ တတိယ သူရနိုင် (မကွေး) ၊ အမျိုးသမီး (၉) ကီလိုမီတာနောက်ကျန်ထွက် စက်ဘီးပြိုင်ပွဲတွင် ပထမခင်နှင်းဝေ (မကွေး)၊ ဒုတိယ ရွှေဇင်ပုလဲ (မကွေး)၊တတိယ စိုးစန္ဒာဝင်း(တနင်္သာရီ)၊ အမျိုးသား(၁၅) ကီလိုမီတာ နောက်ကျန်ထွက် စက်ဘီးပြိုင်ပွဲတွင်ပထမ ကောင်းစည်သူ (ပဲခူး) ဒုတိယ ရန်နိုင်ထက် (တနင်္သာရီ)၊ တတိယ ဆန်းသိန်းထက် (တနင်္သာရီ)တို့မှ အနိုင်ရရှိသွားကြောင်း သိရ သည်။    

 

9

 

 သတင်းစဉ်