၂၀၂၀ ခုနှစ် တာဝန်ထမ်းဆောင်ချိန်တွင်  တရုတ်ရဲတပ်ဖွဲ့ဝင် ဦးရေ ၄၈၀ သေဆုံး

၁၈ ဇန်နဝါရီ

 

 

၂၀၂၀ ခုနှစ် တာဝန်ထမ်းဆောင်ချိန်တွင် ရဲအရာရှိ ၃၁၅ ဦးနှင့် အရန်ရဲတပ်ဖွဲ့ဝင် ၁၆၅ ဦးတို့ သေဆုံးခဲ့သည်ဟု တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

အခြားသော ရဲအရာရှိ ၄၉၄၁ ဦးနှင့် အရန်ရဲတပ်ဖွဲ့ဝင် ၃၈၈၆ ဦးမှာလည်း တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာများ ရရှိခဲ့သည်။

 

 

အဆိုပါ ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့်တစ်နှစ်လုံး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုတည်ငြိမ်ရေးနှင့် အထူးသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ တိုက်ဖျက်ရေးတို့တွင် များစွာဆောင်ရွက်ပေးခဲ့သည်ဟု ယင်းဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်။

 

 

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပြည်သူ့တာဝန် ထမ်းဆောင်နေစဉ် ရဲအရာရှိ ၃၇၇၃ ဦး သေဆုံးခဲ့ကြောင်းနှင့် အခြားရဲတပ်ဖွဲ့ဝင် ၅၀၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ကိန်းဂဏန်းများ ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို