၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော် ၁ မေ

တစ်မျိုးသားလုံးရှိ လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုများနှင့် မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲ များကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပွဲစဉ်များအား ဝဏ္ဏသိဒ္ဓိ အားကစား(B)ရုံတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

22211

 

ယနေ့တစ်ဦးချင်းအုပ်စုပွဲစဉ်များအဖြစ် အပြည်ပြည်ဆိုင်ရာ အသက်(၂၀)အောက် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း(၅၃)ဦးဖြင့်သည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း (၅၃)ဦး၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း (၄၃)ဦး၊ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း (၄၇)ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

9988

 

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃၀)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ နေ့စဉ်နံနက်(၉)နာရီမှစတင်၍ ဆက်လက်ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ သတင်းရရှိသည်။ 

MDN