၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

နေပြည်တော် ၃၀ ဧပြီ     

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်တို့ ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရေး၊ စစ်တုရင်အားကစားနည်းကို ယခုထက် ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ ကျင်းပခဲ့သည်။

 

11l

 

အခမ်းအနားတွင် ဒုတိယအမြဲတမ်းအတွင်းဝန်မှ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားကာ ၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီးနောက် အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် မြန်မာ့ရိုးရာစစ်တုရင် တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

2++

 

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အသီးသီးရှိ ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အားကစားသမားစုစုပေါင်း (၂၄၉)ဦးတို့သည် ဧပြီ (၃၀)ရက်မှ မေ(၇)ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ နေ့စဉ်နံနက်(၉)နာရီတွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင် အလွတ်တန်းပြိုင်ပွဲကို ကစားသမား (၅၄)ဦးဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အသက် (၂၀)နှစ်အောက် အမျိုးသားပြိုင်ပွဲကို ကစားသမား (၅၃)ဦးဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲကို ကစားသမား (၄၇)ဦးဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အသက်(၂၅)နှစ်အောက် အမျိုးသမီးပြိုင်ပွဲကို ကစားသမား(၄၃)ဦးဖြင့်လည်းကောင်း ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် စစ်တုရင် အားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

လူထုအားကစားနှင့် ပညာပေးဌာနခွဲ
 

3++