၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးတွင် သြဂုတ်လကုန်အထိ မိုးစပါး ဧက(၁၂)သိန်းကျော် စိုက်ပျိုးပြီးစီး

မုံရွာ ၃ စက်တင်ဘာ 
    

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၁၀)ခုအတွင်းရှိ မြို့နယ် (၃၄)မြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး ၁၂၅၉၂၅၅ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
  

မိုးစပါးစိုက်ပျိုးပြီးစီးမှု အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် အတွင်းရှိ မြို့နယ်(၃)ခုတွင် (၂၂၃၉၄)ဧက၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄)ခုတွင် (၄၆၄၅၂)ဧက၊ ယင်းမာပင် ခရိုင်အတွင်းရှိ မြို့နယ် (၄)ခုတွင် (၇၈၆၄၅)ဧက၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် (၆)ခုတွင်(၄၈၃၂၃၇)ဧက၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် (၇၃၂၄၈)ဧက၊ ကသာခရိုင်အတွင်းရှိ မြို့နယ် (၇)ခုတွင် (၂၇၈၆၃၇)ဧက၊ ကလေးခရိုင် အတွင်းရှိ မြို့နယ် (၃)ခုတွင် (၁၃၅၉၃၂)ဧက၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင်(၅၅၈၄၂)ဧက၊ တမူးခရိုင် တမူးမြို့နယ်တွင်(၄၂၈၁၉)ဧက၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် (၄၂၀၄၉)ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် (၁၇၈၄၁၉၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း (၁၄၇၁၆၃၈)ဧကလျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးဧက(၁၈၀ဝ၂၁၀)ဧကကို စိုက်ပျိုးနိုင်ရေးလျာထားရာ သြဂုတ်လကုန်အထိ (၁၂၅၉၂၅၅)ဧကကို စိုက်ပျိုးပြီးစီပြီ ဖြစ်ကြောင်းနှင့် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
                                            

ဝင်းဦး(ဇေယျာတိုင်း)

 

1