၁၉-၅-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့်  သတင်းမီဒီယာများပြုလုပ်သည့် (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ အမေး၊ အဖြေများ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက  သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
 

(ယမန်နေ့မှအဆက်) 

မြန်မာသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ ချုပ်  ဦးကိုကိုကြီးက   ပြန်ကြားရေးဝန်ကြီးဌာနမှ  ပြည်သူများသတင်းမှန်သိရှိနိုင်ရန်  MRTV Mobile  application ကို   လွှင့်တင်ခဲ့ကြောင်း၊   သို့သော် အမေရိကန်နိုင်ငံက  ကုမ္ပဏီများ၊ ပြည်တွင်း/ ပြည်ပ အဖျက်သမားများပူးပေါင်းပြီး နည်းပညာအသာစီး ရယူ၍  ဝက်ဘ်ဆိုက်ကို   နည်းမျိုးစုံဖြင့်    Media နှောင့်ယှက်မှုအမျိုးမျိုး ပြုလုပ်ခဲ့ကြောင်း၊ ပြည်သူများ  သတင်းမှန်သိရှိနိုင်ရန်အတွက်  မိမိတို့၏  မိတ်ဆွေ နိုင်ငံများဖြစ်သည့်      တရုတ်နိုင်ငံ၊      ရုရှားနိုင်ငံ အကူအညီများဖြင့် သတင်းမှန်များ လွှင့်တင်နိုင်ရန် စီစဉ်ဆောင်ရွက်မှု ရှိ/မရှိ သိလိုပါကြောင်း၊ မေးခွန်း  နံပါတ်(၂)အနေဖြင့် စက်သုံးဆီဈေးနှုန်း မြင့်တက် နေသည့်ကိစ္စဖြစ်ပါကြောင်း၊    စက်သုံးဆီဈေးနှုန်း မြင့်တက်သည့်အတွက်   ကုန်ဈေးနှုန်းများလိုက်ပါ မြင့်တက်ပါကြောင်း၊  ဗဟိုဘဏ်က    ဒေါ်လာများ ရောင်းချနေသော်လည်း ကုမ္ပဏီများက ဈေးမချဘဲ  ဆက်လက်ရောင်းချနေသည်ကို  တွေ့ရပါကြောင်း၊ ၂၀၂၂ ခုနှစ် မေ ၁၇ ရက်က အောက်တိန်းတစ်လီတာ  ကို   ၁၉၅၀  ကျပ်ရှိခဲ့ရာမှ   မေ  ၁၉    ရက်တွင် အောက်တိန်းတစ်လီတာကို    ၂၂၅၀    ကျပ်အထိ   ဈေးနှုန်းမြင့်တက်သွားကြောင်း၊       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် မည်သို့ဆောင်ရွက်ထားသည် ကို သိရှိလိုကြောင်း မေးမြန်းသည်။
ရသည့်နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ကြိုးစား
MRTV    မှ   ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်က  MRTV App သည်  ၂၀၂၂ ခုနှစ် မေ ၄ ရက်က  ဖွင့်ပွဲ လုပ်ခဲ့ကြောင်း၊ ဖွင့်ပွဲလုပ်သည့်အချိန်ကတည်းကပင် တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊         မိမိတို့ဘက်က   ပြင်ဆင်မှုများပြုလုပ်ထားသည့်အတွက်  နောက်  တစ်ရက်အကြာတွင် ဖြုတ်ချခံခဲ့ရပါကြောင်း၊ MRTV App ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လတ်တလော တွင် MRTV App ကရပ်နေသော်လည်း မူလ MRTV  ၏ ဝက်ဘ်ဆိုက်ရှိပါကြောင်း၊ အခြား  Social Media  များတွင်လည်း မိမိတို့ App ရှိကြောင်း၊ ထို့ကြောင့် MRTV ၏ထုတ်လွှင့်မှုသည်  မူလ  Media  အပြင် အခြား   Online Media များတွင် လွှင့်ဆဲဖြစ်ကြောင်း၊ ထို့ကြောင့် MRTV အနေဖြင့် ရသည့်နည်းလမ်းမျိုးစုံဖြင့် ပြည်သူများ၏သတင်းသိရှိပိုင်ခွင့်ကို  ဆက်လက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။
ဆက်လက်၍         ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီနှင့်ပတ်သက်ပြီး      နိုင်ငံတော်အစိုးရ အနေဖြင့် supply chain တစ်ခုလုံးကို  စနစ်တကျ  ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊   စွမ်းအင် လုံခြုံရေး     အထောက်အကူပြုစေရန်အတွက် နိုင်ငံတော်     အရန်ဆီသိုလှောင်ထားပါကြောင်း၊ နိုင်ငံတော်တွင်  စက်သုံးဆီလိုအပ်ချက်ကို   ပုံမှန် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းနှင့်  နိုင်ငံတော်အတွက်     လုံလောက်သည့်စက်သုံးဆီ ပမာဏတစ်ရပ်ရှိသည်ဟု ပြောလိုကြောင်း၊  ဈေးနှုန်း နှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီးဥက္ကဋ္ဌ၊ အဖွဲ့ဝင်   ၁၀    ဦးပါဝင်သည့်    စက်သုံးဆီ တင်သွင်း/     သိုလှောင်/      ဖြန့်ဖြူးခြင်းလုပ်ငန်း   ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားပါကြောင်း၊  စက်သုံးဆီအမျိုးအစားအလိုက်  ဖြစ်သင့်ဖြစ်ထိုက်သည့်    ဈေးနှုန်းများဖြစ်စေရန်   ရန်ကုန်/ မန္တလေး လက်ကားဈေနှုန်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီး မြို့နယ်များအလိုက်  လက်လီ ဈေးနှုန်းများ သတ်မှတ်ပြီး ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေနံနှင့်ပတ်သက်၍  ကမ္ဘာ့ရေနံဈေးနှုန်း  ကြီးမြင့်လာသည့်အတွက်ကြောင့်    အတိုင်းအတာ တစ်ခုအထိ ကြီးမြင့်နေမည်ဖြစ်ကြောင်း၊   မိမိတို့ အနေဖြင့်  စွမ်းအင်လုံခြုံရေးနှင့်ပတ်သက်ပြီး  အရန် ဆီများထားရှိနိုင်ရေး၊      ဖြစ်သင့်ဖြစ်ထိုက်သည့်   ဈေးနှုန်းများဖြစ်စေရေးအတွက် လက်လီ/လက်ကား  ဈေးနှုန်းများ သတ်မှတ်ပြီး ထိန်းချုပ်ဆောင်ရွက်လျက် ရှိကြောင်း၊ တင်သွင်း/ သိုလှောင်/   ဖြန့်ဖြူးရေးလုပ်ငန်း ကို  ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက်  ရှိကြောင်း ဖြေကြားသည်။
Gerenal   Life   သတင်းဌာနမှ   အယ်ဒီတာ ဦးအောင်ထူးထက်က     ကျောင်းပညာရေးနှင့် ပတ်သက်ပြီး  မြေပြင်တွင်   မိမိတို့သတင်းထောက် များသည် သွားလာနေသည့်အတွက် အရပ်စကားအရ ပြောရမည်ဆိုပါက အမေအာဏာရမှ ငါတို့သားသမီး များကို ကျောင်းထားမည်ဆိုခြင်းမျိုး၊ စစ်ကောင်စီ လက်အောက်တွင် ငါတို့သားသမီးများ စာမသင်ဘူး ဆိုခြင်းမျိုးရှိနေပါကြောင်း၊ မိမိတို့သည် မွေးကတည်း ကပင်   နိုင်ငံတော်၏   နိုင်ငံသားဖြစ်သည့်အတွက် ထိုအချိန်က  မည်သည့်အစိုးရပင်  ဖြစ်လင့်ကစား ကလေးများနှင့်ပတ်သက်ပြီး  တာဝန်ရှိပါကြောင်း၊  မကြာမီအချိန်တွင် ကျောင်းများ  ပြန်ပြီးလက်ခံမည် ဖြစ်ကြောင်း၊     ကျောင်းလက်ခံသည့်အချိန်တွင် သက်ဆိုင်ရာဒေသအလိုက်    အစွဲဖြင့်   မိမိတို့  ယခု အစိုးရလက်ထက်တွင် မထားဘူး၊ မိမိတို့မျှော်မှန်း  သည့်  အစိုးရလက်ထက်ရလာလျှင်   ကျောင်းထား မည်ဆိုပါက လက်ရှိအစိုးရအနေဖြင့် ကလေးများ၏  အနာဂတ်လူသားအရင်းအမြစ်နှင့်  ပတ်သက်ပြီး ယိုဖိတ်သွားခြင်းကို မိဘများနှင့် ထိန်းညှိဆောင်ရွက် ဆွေးနွေးခြင်း၊   မလိုက်နာပါက   အရေးယူခြင်းမျိုး  စသည့်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး       မည်သို့စီစဉ် ထားသည်ကို သိလိုကြောင်းမေးမြန်းသည်။
နားရွက်အကိုက်ခံရသည့် မိဘမျိုးဖြစ်မည် 
ဗိုလ်ချုပ်ဇော်မင်းထွန်းက      မိမိတို့အနေဖြင့် အသိပညာပေးခြင်းနှင့်     သတိပေးခြင်းမျိုးကိုသာ လုပ်နိုင်ကြောင်း၊ ပညာရေး မည်မျှအရေးကြီးကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး          မည်သို့ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့က ထိုသို့ပြောနေသော်လည်း  ၎င်းတို့သားသမီးကို ကျောင်းထားခြင်းမျိုး ရှိပါကြောင်း၊ သတိပေးလိုသည်မှာ     ထိုသို့ဆက်လုပ်နေပါက နားရွက်အကိုက်ခံရသည့်      မိဘမျိုးဖြစ်မည်ဖြစ် ကြောင်း၊  မိဘကမဆုံးမသဖြင့်  သူခိုးဖြစ်သွားသည့် ပုံပြင်ကို ကြားဖူးကြမည်ဖြစ်ကြောင်း၊  ငယ်ငယ်က သူခိုးဖြစ်သွားသည်ကို မဆုံးမသဖြင့် ဓားပြဖြစ်သွား ကြောင်း၊ ကြီးလာသည့်အခါ လူသတ်မိပြီး ခေါင်းဖြတ် သတ်ခံရခါနီးအချိန်တွင်    အမေကို    မည်သို့မှာ လိုသနည်းဟုဆိုသည့်အခါတွင်  အမေကို  အနား ခေါ်ပြီး    နားရွက်ကို   ကိုက်ဖြတ်လိုက်ကြောင်း၊ အမေမဆုံးမခဲ့၍ မိမိအသတ်ခံရပြီဟုပြောခံရသည့်  မိဘမျိုးဖြစ်မည်ဟု ပြောလိုကြောင်း၊  မိမိအနေဖြင့် ထိုသို့ ထိအောင်ပြောမှသာလျှင်  နားထဲရောက်မည် ဖြစ်သောကြောင့် နားထဲရောက်အောင် ပို့ပေးခြင်း ဖြစ်ကြောင်း၊  ထိုသို့ဆက်လုပ်နေပါက   နားရွက်  ကိုက်ဖြတ်ခံရသည့်မိဘမျိုးဖြစ်ပြီး ကိုက်ဖြတ်ခံရမှ  သာ   နောင်တရမည်ဟု  မိမိအသိပညာပေးလိုပါ ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍  General Life  သတင်းဌာနမှ ဦးအောင်ထူးထက်က    ဒုတိယမေးခွန်းအနေဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ဆောင်ရွက်နေသည့် စီမံချက်နှင့်ပတ်သက်၍  လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးစီးသည့် ရာခိုင်နှုန်း ကိန်းဂဏန်းကို   ဖြေပေး၍ရပါက   ဖြေပေးစေလို ကြောင်း မေးမြန်းသည်။
၉၀ ရာခိုင်နှုန်းကျော်ပြီးစီး
လူဝင်မှုကြီးကြပ်ရေးနှင့်       ပြည်သူ့အင်အား ဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပန်းခင်းစီမံချက် ကို  ၂၀၂၁   ခုနှစ် မေ ၃ ရက်မှစပြီး  ဆောင်ရွက်ခဲ့ပါ ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသား ကတ်ကိုင်ဆောင်ခွင့်တစ်မျိုးမျိုး  ထုတ်ပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊    သက်ဆိုင်ရာအဖွဲ့အစည်း၊  ငြိမ်းချမ်းရေးအဖွဲ့အစည်း၊  လုံခြုံရေးအဖွဲ့အစည်း၊ သတင်းမီဒီယာအဖွဲ့အစည်း၊     အုပ်ချုပ်ရေးအဖွဲ့ အစည်း၊ ရပ်မိရပ်ဖများနှင့်   မိမိတို့ဌာန  ပူးပေါင်း ဆောင်ရွက်ပါကြောင်း၊     လက်ရှိအခြေအနေမှာ လျာထားချက်၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ် ကြောင်း၊   အရေအတွက်အားဖြင့်  သုံးသန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောသတင်းဌာနမှ         အယ်ဒီတာချုပ် ဦးဇော်မင်းဦးက သမ္မတကြီး ဦးသိန်းစိန်  လက်ထက် တွင် ဖွဲ့စည်းထားသည့် စည်ပင်သာယာရေးကော်မတီ သည်   နည်းဥပဒေ၊  ဥပဒေများထွက်ထားပြီးဖြစ် ကြောင်း၊    မြို့နယ်အထောက်အကူပြုကော်မတီ၊  ရပ်/ ကျေး အထောက်အကူပြုကော်မတီကို  လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်သူ  လူထုပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းစေရန်ဆိုသည့် အကြောင်းတရားပေါ်တွင်  ပေါ်ပေါက်လာပါကြောင်း၊  ပဲခူးတိုင်းဒေသကြီးကဲ့သို့သော      နေရာမျိုးတွင်   စည်ပင်သာယာရေးကော်မတီရှိပါကြောင်း၊ ယခင်က  စည်ပင်သာယာရေးကော်မတီသည်   အရပ်သား များဖြင့်    သီးခြားဖွဲ့စည်းထားသည့်အဖွဲ့အစည်း ဖြစ်ကြောင်း၊    ထိုအဖွဲ့အစည်းများသည်   စည်ပင် သာယာရေးလုပ်ငန်းစဉ်များကို  ကြီးကြပ်ဆောင်ရွက် သည့်အခါတွင်   အောင်မြင်ဖြစ်ထွန်းခဲ့ပါကြောင်း၊ အထောက်အကူပြုကော်မတီသည်လည်း  မြို့နယ်၊  ရပ်/ကျေးများတွင် ပိုမိုအားကောင်းလာခဲ့ပါကြောင်း၊ အများအားဖြင့် ဖွဲ့စည်းထားသည်ကို   မတွေ့ရပါ ကြောင်း၊ နောင်တစ်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရက “ငါ့မြင်း ငါစိုင်း” ပြီး  လုပ်သွား သည်ဆိုခြင်းမျိုးကို နဂိုကပြောလိုသည့်မီဒီယာများ ရှိခဲ့ပါကြောင်း၊ ယင်းသို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ် သောကြောင့်  မိမိကို   ကရင်ပြည်နယ်တွင်ရှိသည့် မြို့မိမြို့ဖများက  ယခုမေးခွန်းကို  မေးစေလိုသည့် အတွက်  မိမိက  မီဒီယာအနေဖြင့်   မေးမြန်းရခြင်း ဖြစ်ကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက   ယခင်ကဖွဲ့စည်း ထားခြင်းရှိပါကြောင်း၊ ယခုအချိန်တွင် မိမိအနေဖြင့်  ဖွဲ့စည်းထားခြင်းရှိ/မရှိ မသိပါကြောင်း၊  ထိုကိစ္စကို မှတ်သားပြီး  တင်ပြပေးမည်ဟုသာ   ဖြေကြားလို ကြောင်း ပြောကြားသည်။
မမြင်ရက်အောင်ပင် တွေ့နေရ 
ဆက်လက်၍ တဲ့ပြောသတင်းဌာနမှ အယ်ဒီတာ ချုပ် ဦးဇော်မင်းဦးက  မိမိသည် အသက် ၅၀ ကျော်ပြီ ဖြစ်ကြောင်း၊     ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် ကတည်းက မွေးခဲ့ကြောင်း၊ မိမိသည် တိုင်းရင်းသား ဒေသတွင်   မွေးခဲ့သည့်အတွက်  စစ်၏အနိဋ္ဌာရုံကို  အနှစ် ၅၀   လုံးခံခဲ့ရကြောင်း၊   မိမိတွေ့ရသည်မှာ  မည်သည့်တိုင်းရင်းသားလက်နက်ကိုင်မှ    ရဟန်း သံဃာ၊  သင်းအုပ်ဆရာများသတ်သည်ကို  မတွေ့ရ ကြောင်း၊ ယခုအခါ ရဟန်းသံဃာများ သတ်ခြင်းကို မမြင်ရက်အောင်ပင် တွေ့နေရပါကြောင်း၊ ဝမ်းနည်း စရာ ကောင်းသည်မှာ ဒေါ်ဇင်မာအောင် အမေရိကန် နှင့် အာဆီယံတွေ့ဆုံပွဲတွင်  ရခိုင်တိုင်းရင်းသားများ၏  သဘောထားမည်သို့ရှိသည်ကို မပြောကြောင်း၊ NUG ၏ ဝန်ကြီးတစ်ယောက်အနေဖြင့် ၎င်းပြောသည်က  OIC ၏ ပိုက်ဆံကိုမျှော်ပြီးပြောခြင်းလည်း ဖြစ်နိုင် ကြောင်း၊ NUG ၏ သဘောထားကို ဖော်ပြခြင်းလည်း  ဖြစ်ကြောင်း၊     ၎င်းက    ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား လူမျိုးစု ကိုးစု တိုင်းရင်းသား ၁၃၅  မျိုးတွင် မပါဝင်သည့် လူမျိုးစုကို နယ်မြေခွဲပေးမည် ဆိုသည့်ကိစ္စကိုပြောခဲ့ကြောင်း။
 ယမန်နေ့က ထပ်ပြီး သတင်းတက်လာကြောင်း၊ NUG  နှင့် AA   ဆွေးနွေးသည့်အခါတွင်   ရခိုင် နိုင်ငံတော်ကို ထူထောင်ခွင့်ပြုသည်ဟု ၎င်းကပြော  ကြောင်း၊    မိမိပြောလိုသည်မှာ   မြန်မာနိုင်ငံတွင် အကြွေးများတင်နေကြောင်း၊ NUG အစိုးရကဆပ်မည် ဟု မိမိကြားလိုကြောင်း၊ နိုင်ငံတကာကိုဆပ်ရမည့်  ကြွေးမြီများကို   NUG  အစိုးရက   ဆပ်ပါမည်ဟု မိမိတို့ကြားလိုကြောင်း၊  မေးခွန်းမမေးမီ  အာဖဂန် နစ္စတန်ကိုကြည့်စေလိုကြောင်း၊   အာဖဂန်နစ္စတန် သည်  တစ်ချိန်က   ဗုဒ္ဓဘာသာနိုင်ငံဖြစ်ကြောင်း၊ ဤကိစ္စကို မိမိအား ဆရာတော်တစ်ပါးက  သတင်း ပါးသည့်အတွက်   ပြောကြားရခြင်းဖြစ်ကြောင်း၊  ဒေါ်ဇင်မာအောင် ပြောသည့်ပုံစံသည် ရခိုင်ပြည်နယ်  မည်သို့ဖြစ်သွားမည်လဲ၊ AA အနေဖြင့် လက်ခံတွေ့ဆုံ မည်ဆိုပါက ထွန်းမြတ်နိုင်က ၎င်း၏ရခိုင်ပြည်ကြီးကို အာဖဂန်နစ္စတန်ကဲ့သို့လုပ်လို၍လားဟု     ၎င်းကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း၊     ၎င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲကို     ကြည့်နေမည်ဆိုပါက ၎င်းကိုယ်တိုင် ဖြေကြား၍ရပါကြောင်း၊ ငြိမ်းချမ်းရေး တွင် KNU လည်း NCA လက်မှတ်ထိုးထားပါကြောင်း၊ ဖဒိုစောတာနီးက     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရက NCA ပျက်သွားပြီဟု  ဆိုပါကြောင်း၊  NCA လက်မှတ် စတင်ရေးထိုးစဉ်က မိမိ   သတင်း ထောက်ဘဝဖြင့် လိုက်လာခဲ့ပါကြောင်း၊ တပ်မတော် က အာဏာသိမ်းလျှင် NCA ပျက်စီးသည်ဆိုသည့် အချက်ကို    မတွေ့ခဲ့ရပါကြောင်း၊  ၎င်းပြောသည့် စကားအပေါ်တွင် ငြိမ်းချမ်းရေးအတွက် ဝမ်းနည်းမိ ပါကြောင်း။
မိမိတို့  ကရင်ပြည်နယ်တွင်   တံတားအတော် များများ မိုင်းခွဲခံနေရကြောင်း၊ မြန်မာတစ်နိုင်ငံလုံး တွင် ကျောင်းအတော်များများ မီးရှို့ဖျက်ဆီးခံနေရပါ ကြောင်း၊                            b စာမျက်နှာ ၁၀ မှ
ထိုအရာများသည်  ပြည်သူ၏ဘဏ္ဍာ၊   ပြည်သူ၏ အသက်သွေးချွေးများဖြစ်ကြောင်း၊          ယနေ့ မြှောက်ပေးနေသည့်  OIC  နိုင်ငံများက  တစ်ချိန် မြန်မာနိုင်ငံ၏   ပြန်လည်တည်ဆောက်ရေးတွင် ၎င်းတို့က တစ်ခုမျှလုပ်ပေးမည်  မဟုတ်ပါကြောင်း၊  မည်သည့်အစိုးရတက်တက် ပြည်သူ့အခွန်ဘဏ္ဍာဖြင့် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ မိမိမေတ္တာရပ်ခံတောင်းဆို  လိုသည်မှာ  မြန်မာနိုင်ငံတွင်ရှိသော  ဘာသာရေး ခေါင်းဆောင်များကိုဖြစ်ကြောင်း၊     သတင်းစာ ရှင်းလင်းပွဲတွင် မိမိမေးခွန်းထုတ်လိုသည်မှာ NCA  အပေါ် တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင် လာရန်အတွက်    ဘာသာရေးခေါင်းဆောင်များ အနေဖြင့်  မြန်မာနိုင်ငံမပြိုကွဲရေးအတွက်   ပါဝင် ပေးရန် ဆန္ဒရှိပါသလားဟု TV  Channel ပေါ်မှ  တောင်းဆိုလိုကြောင်း၊  မြန်မာနိုင်ငံကို  ကောင်းစား စေလိုသည်၊ အလုံးစုံ ငြိမ်းချမ်းစေလိုသည်ဆိုပါက  ဘာသာရေးခေါင်းဆောင်များအနေဖြင့်     NCA လမ်းကြောင်းပေါ်သို့  တိုင်းရင်းသားလက်နက်ကိုင် အားလုံးကို   ဆွဲခေါ်ပေးရန်   တာဝန်ယူပေးစေလို  ပါကြောင်း၊     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့်     ဘာသာရေးခေါင်းဆောင်များ ပါဝင်လာပါက လက်ခံပေးမည့်အစီအစဉ် ရှိ/မရှိနှင့် သွားရေးလာရေးမှစ၍    အစစအရာရာကို   စီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။
လက်တွဲလုပ်ဆောင်ရန်အသင့်ရှိ
ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိတို့၏ ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့်မူဝါဒမှာ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်လည်း ပြောပြီးဖြစ်ကြောင်း၊ အကျိုးတော် ဆောင်အဖွဲ့များနှင့်ပတ်သက်ပြီး    မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် ပေးမည့် မည်သည့်ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းမဆို  လက်တွဲလုပ်ဆောင်ရန်       အသင့်ရှိသည်ဟု တိတိလင်းလင်း ပြောပြီးဖြစ်ကြောင်း၊ မိမိတို့၏ မူဝါဒ၊ ရပ်တည်ချက်သည်     ထိုအတိုင်းသာဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ  အယ်ဒီတာ  ကိုခန့်က လက်ရှိတွင် ပြည်သူအများ  လတ်တလောတွေ့ကြုံနေရသည့်အခက်အခဲမှာ စားဝတ်နေရေး အပြင်     မီတာခများ    ပိုမိုကောက်ခံနေသည့်ကိစ္စ ဖြစ်ကြောင်း၊ လျှပ်စစ်မီးသည် ယခင်ကဲ့သို့ နေ့စဉ် အချိန်တိုင်းမဟုတ်ဘဲ လေးနာရီခြားသာ အသုံးပြုနေ ရသော်လည်း  မီတာခွန်မှာ   ယခင်ကထက်   ပိုမို ကောက်ခံနေခြင်းကို ကြုံတွေ့နေရကြောင်း၊ လျှပ်စစ် မီတာရုံးမှ တချို့ဝန်ထမ်းများသည် “နိုင်ငံရေးအခက် ဝန်ထမ်းများအချက်” ဆိုသလို   မီတာဆောင်ရန် နောက်ကျလျှင်    ဒဏ်ကြေး၊   မီတာစာရွက်များ ပျောက်လျှင် ဒဏ်ကြေး၊  မီတာခမှန်မှန်ဆောင်သော် လည်း ယခင်ကထက်ပိုမိုကောက်ခံခြင်း  စသည်တို့ ဖြစ်ပေါ်လျက်ရှိကြောင်း၊   ယင်းဖြစ်စဉ်များသည် တစ်မြို့နယ်တည်း၌    ဖြစ်ပေါ်နေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး၌ ဖြစ်ပေါ်နေကြောင်း၊  ယင်းဖြစ်စဉ်များ  ထပ်မံမဖြစ်ပေါ်စေရေး    သက်ဆိုင်ရာဝန်ကြီးဌာန  အနေဖြင့် ပြည်သူများကို မည်သို့ပြန်လည် ဖြေရှင်း ပေးမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  တာဝန်ရှိသူ တစ်ဦးက   လျှပ်စစ်မီတာခပိုမိုနေသည့်ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့်  မီတာ Bill နှင့်အတူ သက်ဆိုင်ရာမြို့နယ်ရုံးများကို သွားရောက်တင်ပြမည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ် ရုံးများက  သွားရောက်စစ်ဆေးပြီး    ပိုမိုကောက်ခံ ထားသည်ဆိုပါကမိမိတို့ ပြန်လည်စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  တချို့မီတာများကို   စက်နှင့် ဖတ်ပြီး တချို့ကို လူနှင့် ဖတ်ရှုရသည့်အခါ  မိမိတို့အနေ ဖြင့် အနည်းနှင့်အများ ချို့ယွင်းချက်ရှိနိုင်ကြောင်း၊   လျှပ်စစ်မီးအသုံးပြုသူများအနေဖြင့်   သက်ဆိုင်ရာ မြို့နယ်ရုံးများသို့ ဆက်သွယ်ဆောင်ရွက်ပါက မိမိတို့ အနေဖြင့်   လိုက်လံဖြေရှင်း   ဆောင်ရွက်ပေးလျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့အကျိုးပြုသတင်းမီဒီယာမှ အယ်ဒီတာ ကိုခန့်က        ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ရန်လှုံ့ဆော်သူများ၊   အကြမ်းဖက်သူ များနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏သတင်း များကို ပြည်သူများက လျှို့ဝှက်စွာ သတင်းပေးလိုကြ  သော်လည်း        လျှို့ဝှက်သတင်းပေးသူများကို အကာအကွယ်မပေးသည့်အပြင်  တချို့နေရာများ၌ သတင်းမှန်ပေးသူများပါ အကြမ်းဖက်သမားများ၏  သတ်ဖြတ်ခံနေရကြောင်း၊ ထို့ပြင်  အာမခံဆိုသည့် အချက်ကိုအသုံးပြုပြီး  အကြမ်းဖက်သမားများကို အာမခံဖြင့်     ပြန်လည်လွှတ်ပေးနေသည်ကိုတွေ့ရှိ ရကြောင်း၊ တချို့နေရာများ၌  လာဘ်ငွေများရယူပြီး  မနက်ဖမ်း ညနေပြန်လွှတ်ပေးနေသည်ကို  တွေ့ရှိရ ပါကြောင်း၊ ယင်းကဲ့သို့  သတင်းပေးများ  အသက် အန္တရာယ်လုံခြုံမှုမရှိသည့်အပြင်    အကြမ်းဖက် လှုံ့ဆော်သူများ၊ ပြည်ဖျက်အကြမ်းဖက်သမားများကို ဖမ်းဆီးရန် နှောင့်နှေးသော်လည်း မျိုးချစ်သတင်းပေး များကိုမူ  တချို့သော  အကြောင်းအရာများကြောင့်  ၎င်းတို့အသုံးပြုသည့် Wave Pay ၊ Kpay နှင့်  ဖုန်း များကို စစ်ဆေးရန်ဟုဆိုကာ  ပိတ်ပင်ခြင်းများကို  အချိန်နှင့်တစ်ပြေးညီ   လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့်    ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မျိုးချစ်သတင်းပေးများ၏  အသက်အိုးအိမ်စည်းစိမ် ကိုကာကွယ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။ 
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းသို့သောကိစ္စရပ် များရှိပါက တိကျစွာတိုင်ကြားရန် ပြောလိုကြောင်း  ပြန်လည်ဖြေကြားသည်။
အစွမ်းကုန်ကာကွယ်
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းပေးသူကို ကာကွယ် မပေးနိုင်ဘူးလားဆိုသည့်  ကိစ္စနှင့်ပတ်သက်၍       သတင်းပေးသူများရော  ကျန်သည့် ဥပဒေဘောင်အတွင်း၌  နေထိုင်သည့် လူများကိုပါ မိမိတို့အနေဖြင့်  အစွမ်းကုန်ကာကွယ် ပေးနေပါကြောင်း၊ သတင်းပေးသည့်သူများကိုလည်း  လျှို့ဝှက်ထားပါကြောင်း၊ မည်သူက သတင်းပေးဟူ၍ ထုတ်ဖော်ပြောကြားခြင်း မရှိပါကြောင်း၊ အကြမ်းဖက် မှုသည်  အာမခံရသည့်အမှု  မဟုတ်ပါကြောင်း၊ ထို့ကြောင့် အာမခံမပေးပါကြောင်း၊ ဖမ်းဆီးရမိသည့် အရေးယူမှုများကိုလည်း      အခါအားလျော်စွာ   သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊       တချို့က အကြမ်းဖက်မှုကို   Kpay ၊  Wave Pay    များဖြင့်   ငွေကြေးထောက်ပံ့မှုများရှိပါကြောင်း၊ အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့ခြင်းသည်လည်း အကြမ်းဖက် မှု ကျူးလွန်ခြင်းသာဖြစ်ပါကြောင်း၊ ယင်းတို့ကို စိစစ်  တွေ့ရှိပါကလည်း  မိမိတို့အနေဖြင့်  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။
နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ     သတင်း ထောက် ဦးအောင်ကျော်ဦးက    ပြီးခဲ့သည့်   (၁၃) ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် မိမိနှင့်အတူ  မိမိ၏တပည့်ကျော်ဖြိုးလှိုင် တက်ရောက်ခဲ့ကြောင်း၊  ယခုမိမိတပည့်ကို KNU က နေအိမ်ထဲအထိ သေနတ် သမား ခုနစ်ယောက်ဖြင့်လုပ်ကြံခဲ့ရာ သေနတ်ဒဏ်ရာ  နှစ်ချက်ရခဲ့ကြောင်း၊ လာရောက်လုပ်ကြံသည့်သူများ အထဲတွင်  သေနတ်အရှည်   တစ်ယောက်မျှမပါ ကြောင်း၊ သေနတ်အတိုများနှင့်ဖြစ်ကြောင်း၊ ၎င်း၏ မိခင်နှင့်    ညီမလေးသည်   ရရှိသည့်ဒဏ်ရာနှင့််ပင် ထိုနေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ မိမိအဓိက မေးလိုသည်မှာ ပစ်ခတ်မှုဖြစ်ပြီး ၄၅ မိနစ်ခန့်အကြာ တွင် ရဲများရောက်လာကြကြောင်း၊ ထိုသို့လာရောက် ပစ်ခတ်သည့် KNU များအထဲတွင်  အချင်းချင်း ပြန်လည်ပစ်ခတ်မိ၍   သေဆုံးသွားသူရှိကြောင်း၊ ထိုအလောင်းကို ၎င်းတို့၏ဆိုင်ကယ်နှင့် ပြန်သယ်ယူ သွားကြကြောင်း၊ ရဲများရောက်ရှိလာသည့်အချိန်တွင် KNU များသည် လယ်ကွင်းထဲ၌သာရှိပါသေးကြောင်း၊ ရဲများလိုက်လျှင်မီသေးပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် KNU များက ၎င်းတို့လူ၏အလောင်းကို ဆိုင်ကယ်ပေါ်မှာ   တင်လိုက်၊   ပြုတ်ကျလိုက်၊ ဆိုင်ကယ်မောင်းလိုက် ပြုတ်ကျလိုက်ဖြင့် ခရီးမတွင် ပါကြောင်း၊ သို့သော် နောက်ကလိုက်၍ ဖမ်းဆီးခြင်း၊  သုတ်သင်ရှင်းလင်းခြင်းမရှိခဲ့ကြောင်း၊  မည်သည့် အတွက်ကြောင့် လိုက်လံဖမ်းဆီးခြင်း မပြုလုပ်သလဲ ဟုမေးရာတွင်  အထက်အမိန့်မရခြင်းကြောင့်ဟု ပြောပါကြောင်း၊ မိမိတို့အနေဖြင့် မည်သူ့ကိုအားကိုး ရမည်လဲ၊  အထက်အမိန့်စောင့်နေသည်ဆိုသည့်သူ များကလည်း  အမှန်တကယ်ပဲ   အထက်အမိန့်ကို စောင့်ခြင်းဖြစ်ပါသလား၊ ကြောက်၍မလိုက်ခြင်းလား၊  အားမနာတမ်းပြောရလျှင် ဖရဲသီးများလားဟူ၍ပင်  ဝေခွဲ၍မရကြောင်း၊ အချိန်လွန်မှ  ၎င်းတို့နောက်က လိုက်သည့်အခါတွင် KNU များက စစ်တောင်းမြစ်ကို  ကျော်သွားခဲ့ပြီဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်တို့အနေဖြင့် မည်သို့စစ်ဆေးအရေးယူမှုများ  ပြုလုပ်သွားမည်ကို သိလိုကြောင်း၊ ထိုအဖြစ်အပျက် သည်  ပဲခူးတိုင်းဒေသကြီး   ကျောက်တံခါးမြို့နယ်   တောင်ခင်းကျေးရွာအုပ်စု၌   ၂၀၂၂  ခုနှစ် မေ ၅ ရက် မွန်းလွဲ    ၂   နာရီကျော်တွင်   ဖြစ်ပွားခဲ့ကြောင်း၊ ခေတ်အဆက်ဆက် အမြစ်ပြတ်အောင်မတိုက်ခဲ့သည့် KNU ကို  ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  လက်ထက်တွင် အမြစ်ပြတ်ချေမှုန်းရန်ရှိ/မရှိ သိလို ကြောင်းမေးမြန်းသည်။ 
လက်တုံ့ပြန်ဆောင်ရွက်သွားမည်
ဗိုလ်ချုပ်ဇော်မင်းထွန်းက ဤဖြစ်စဉ်ကို မိမိတို့ ဆီကို ပေးခဲ့စေလိုကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်  ၍ မိမိတို့လည်းပြောပြီးဖြစ်ကြောင်း၊ ပြည်သူများ၏  အသက်အိုးအိမ်စည်းစိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးများကို  ထိခိုက်လာလျှင်  မိမိ တို့က လက်တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ထိုကိစ္စနှင့်ပတ်သက်၍   ဖြစ်ပျက်နေသည့်  အခြေ အနေများကိုလည်း သိပြီးဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ တချို့နေရာများတွင်  သောင်းကျန်းသူများ၊  တချို့ EAO အဖွဲ့များအနေဖြင့် PDF များနှင့်ပေါင်း၍ အတွင်း ထဲအထိ စိမ့်ဝင်လာခြင်းများရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍   လုံခြုံရေးတပ်ဖွဲ့ဝင်    အချို့မှာလည်း  အားနည်းချက်များရှိလိမ့်မည်ဖြစ်ကြောင်း၊  ထိုသို့ သော    အားနည်းချက်များ   ရှိမည်ဆိုလျှင်လည်း မိမိတို့ကိုပြော၍ရကြောင်း၊ ထောက်ပြနိုင်ကြောင်း၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်သည့်အခါတွင်  တချို့သော EAO များသည် လာခြင်း၊ မလာခြင်းနှင့်ပတ်သက်၍ ပြောရုံသာမကဘဲ လက်နက်ကိုင်ပဋိပက္ခ ပိုမိုဖြစ်ပွား ရေးနှင့်ပတ်သက်ပြီး ပြောဆိုနေသည်များရှိကြောင်း၊ မိမိအနေဖြင့်   ပြောလိုသည်မှာ လက်နက်ကိုင်ပဋိပက္ခ များ  ပိုမိုဖြစ်ပွားရေးနှင့်ပတ်သက်၍  ပြောနေသည့်  အကျိုးဆက်ကို     ၎င်းတို့သာခံစားရလိမ့်မည်ဟု ပြန်လည်ဖြေကြားသည်။
နိုင်ငံ့သစ္စာအွန်လိုင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်ကျော်ဦးက    တောခိုသွားသည့်   PDF များထဲတွင်      အကြမ်းဖက်လုပ်ရပ်များမလုပ်ဘဲ   ပြစ်မှုမကျူးလွန်ထားသူဆိုလျှင်     နွေးထွေးစွာ ပြန်လက်ခံမည်ဟုသိရကြောင်း၊    ဗိုလ်ချုပ်လည်း ပြောခဲ့ဖူးကြောင်း၊ လက်ရှိမန္တလေး၌ လက်ခံနေသည် ကိုလည်းသိကြောင်း၊   မိမိမေးလိုသည်မှာ   PDF လည်းမလုပ်၊  တောလည်းမခိုဘဲ  တပ်မတော်က  အာဏာထိန်းပြီးနောက်ပိုင်း မြို့နယ်များတွင်  စီတန်း ဆန္ဒပြခြင်းများလုပ်ခဲ့ကြကြောင်း၊   ထိုသို့ဆန္ဒပြပြီး နောက်ပိုင်း   အဖမ်းခံရမည်စိုးသဖြင့်   ထွက်ပြေး တိမ်းရှောင်နေသည့်သူများလည်း ယခုအချိန်အထိ  ရှိနေကြောင်း၊   ထိုထွက်ပြေးတိမ်းရှောင်နေသည့် ပုဂ္ဂိုလ်များကိုလည်း      သက်ဆိုင်ရာရဲစခန်းများ၊ မြို့နယ်ရဲစခန်းများက ၅၀၅ နှင့် အမှုဖွင့်ထားသည် များလည်းရှိကြောင်း၊ အကယ်၍ ၎င်းတို့ပြန်လာလျှင် အမှုမှကင်းလွတ်ခွင့်ပြုမည်လား၊    အမှုအတိုင်း ဆက်လက်ရင်ဆိုင်ရမည်လား      သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက       ယင်းအမှုနှင့် ပတ်သက်၍ ၅၀၅ နှင့်  အမှုဖွင့်ထားသည်ဆိုလျှင် သက်ဆိုင်ရာကို  လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့   လျှောက်ထားပြီးသည့်အခါတွင်    မိမိတို့က  ပြန်လည်စိစစ်ပေးမည်ဖြစ်ကြောင်း၊    ယခုလည်း   လျှောက်ထားနေသည့်သူများရှိကြောင်း၊  ထိုကိစ္စနှင့် ပတ်သက်၍  အမှုပြန်လည်ပိတ်သိမ်းပေးသည်များ လည်းရှိကြောင်း၊ လုပ်ငန်းအသေးစိတ်ကို ပြည်ထဲရေး ဝန်ကြီးဌာနက ပို၍အသေးစိတ်ဖြေကြားပေးလိမ့်မည် ဟု ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အစောပိုင်းကာလများတွင်   ဆန္ဒပြသူများထဲတွင် ပါခဲ့သည်ဆို၍    အချို့သူများက   စိုးရိမ်စိတ်နှင့် ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများလည်း ရှိကြောင်း၊    ၎င်းထွက်ပြေးတိမ်းရှောင်သူများနှင့် ပတ်သက်၍    လူသတ်မှု၊   လုယက်မှု၊    မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရည်ရွယ်  ချက်ရှိရှိနှင့် တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့၍ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊       အစိုးရပိုင်အဆောက်အအုံများနှင့်    ပုဂ္ဂလိကပိုင်အဆောက်အအုံများဖျက်ဆီးမှု၊   CDM လှုပ်ရှားမှုတွင်   ငွေကြေးအရဖြစ်စေ၊   နက်ရှိုင်းစွာ ကာယကံမြောက်  ပါဝင်သူများမှအပ  စိုးရိမ်စိတ် ကြောင့် တိမ်းရှောင်နေသူများအနေဖြင့် ဥပဒေဘောင်  အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုလျှင် ရေးဖွင့်ထား သည့်ဥပဒေကို     ဥပဒေနှင့်အညီ   ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို  နိုင်ငံပိုင်သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြားတို့မှ ၂၀၂၁ ခုနှစ် ဩဂုတ် ၄ ရက် မှ      ၈  ရက်အထိ အသိပေးထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ထိုသို့ ထုတ်ပြန်သည့်အချိန်တွင် မိမိတို့ဆီသို့  သတင်း ပို့ရန်အတွက် သတင်းစာများတွင်လည်း  ဖုန်းနံပါတ် များ ထည့်သွင်း၍ ထုတ်ပြန်ပေးခဲ့ကြောင်း၊ လာရောက် သတင်းပို့လျှင်လည်း  မိမိတို့  သက်ဆိုင်ရာရဲစခန်း များက       မည်သို့ဆောင်ရွက်ပေးရမည်ဆိုသည် ကိုလည်း သက်ဆိုင်ရာအောက်ခြေအထိ တစ်နိုင်ငံလုံး ကိုလည်း ညွှန်ကြားပေးပြီးဖြစ်ကြောင်း၊ ညွှန်ကြား ချက်အတိုင်း ရဲစခန်းများကလည်း ဆောင်ရွက်ပေး နေပါကြောင်း၊ ထိုကဲ့သို့  သတင်းပို့ရန်လာသည့်အခါ တွင်    လတ်တလော    ၎င်းတို့ကိုခံဝန်များပေးထား ကြောင်း၊ ထို့နောက် ၎င်းတို့အပေါ်တွင် စွဲဆိုထားသည့် ပြစ်မှုရှိ/မရှိ စိစစ်ပါကြောင်း၊ အကယ်၍ပြစ်မှုရှိလျှင် အမှု၏ အတိုင်းအတာကိုစိစစ်ပြီး အဆင့်ဆင့်တင်ပြ ကာ    ဥပဒေနှင့်အညီ    ရုပ်သိမ်း၍ရမည်ဆိုလျှင် ဆောင်ရွက်ပေးပါကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)