ပေကျင်း နိုဝင်ဘာ ၁၁
တရုတ်နိုင်ငံက လွှတ်တင်ခဲ့သည့် လဆင်းယာဉ် Chang’e-6 ၏ လကမ္ဘာပေါ် မှ ယူဆောင်လာခဲ့သည့် အစိတ်အပိုင်းများ ကို (၁၅) ကြိမ်မြောက် တရုတ်နိုင်ငံတကာ လေကြောင်းနှင့် အာကာသဆိုင်ရာ ပြပွဲတွင် ပြသခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။
၎င်းပြပွဲတွင် လကမ္ဘာ၏ အကျယ်ပြန့်ဆုံးနှင့် အနက်ရှိုင်းဆုံးအပိုင်းမှ ယူဆောင်လာခဲ့သည့် မြေကြီး ၇၅ မီလီဂရမ် ကို ပြသခဲ့သည်။ ထို့ပြင်လကမ္ဘာမှ ၎င်းမြေကြီးကို သယ်ဆောင်လာခဲ့သည့် လေထီးနှင့် ၎င်းမြေကြီးထည့်သွင်း သယ်ဆောင်လာသည့် ဘူးကိုလည်း ၎င်းပြပွဲတွင် ပြသခဲ့သည်။
တရုတ်နိုင်ငံ၏ Chang’e-6 လဆင်းယာဉ်သည် လူသားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လ၏အစွန်အဖျားမှ လကမ္ဘာဆိုင်ရာ နမူနာပစ္စည်းများကို ဇွန်လတွင် ပြန်လည်ယူဆောင်ခဲ့သည်။ ၎င်းလကမ္ဘာဆိုင်ရာ ပစ္စည်းများသည် လ၏ဆင့်ကဲဖြစ်စဉ်အပေါ် နားလည်မှုကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ပြီး လ၏ အရင်းအမြစ်များကို ငြိမ်းချမ်းစွာ စူးစမ်းရှာဖွေခြင်းနှင့် အသုံးချခြင်း အရှိန်အဟုန်ကို အရှိန်မြှင့်ပေးခဲ့သည်။
၎င်းပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ဇူဟိုင်မြို့တွင် နိုဝင်ဘာ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ