(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများကို ကြိုဆိုနှုတ်ဆက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်   ဇွန်   ၂

 

ကမ္ဘောဒီးယားနိုင်ငံက ဇွန် ၃ ရက်မှ ၉ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့များ ကြိုဆိုနှုတ်ဆက်ခြင်း   အခမ်းအနားကို ယနေ့နံနက်   ၇   နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ ရှိ  Morodok  Techo  National Sports  Complex  ၌  (Team Welcome Ceremony) ကြိုဆိုရေး အခမ်းအနားကို ကျင်းပသည်။

 

ဦးစွာ ကမ္ဘောဒီးယားနိုင်ငံမှ H.E. Hun Many (Member of the    Cambodian    National Assembly) က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 

ထို့နောက် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊  အင်ဒိုနီးရှား၊  လာအို၊ မလေးရှား၊  မြန်မာ၊  ဖိလစ်ပိုင်၊ စင်ကာပူ၊  တီမော လက်စ်တေနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်အလံများကို လွှင့်တင်ခဲ့ပြီးနောက် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံများ၏ ကိုယ်စားလှယ်များက အမှတ်တရ လက်ဆောင်ပစ္စည်းများ  အပြန်အလှန်ပေးအပ်ခဲ့     ပြီးနောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်