နေပြည်တော် ဇွန် ၄
ရေဆင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၌ (၁၁၁)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကို “တစ်ပိုင်တစ်နိုင် မွေးမြူရေးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပညာရှင်များ၊ သုတေသီများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ပါမောက္ခ ဆရာ ဆရာမများ၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဌာနဝန်ထမ်းများနှင့် တောင်သူများက Zoom point ၁၀၀ ကျော်မှ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက တိုင်းရင်း ကြက်မွေးမြူရေးနှင့် တိုင်းရင်း ကြက်မွေးမြူခြင်း၏ ကောင်းကျိုးများ၊ တိုင်းရင်းကြက် မျိုးများ၊ မျိုးကြက်များအဖြစ် ရွေးချယ်မည့် လက္ခဏာများ၊ တိုင်းရင်းကြက်မွေးမြူခြင်း နည်းစနစ်များ၊ တိုင်းရင်းကြက်မွေးမြူ ရေးဆိုင်ရာ အာဟာရဗေဒ သိမှတ်ဖွယ်ရာများ၊ ကြက်ငယ်များ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ကြက်ရောဂါများ ကြိုတင်ကာကွယ်မှုပေးခြင်း၊ စီမံအုပ်ချုပ်မှုပုံစံနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဇီဝ လုံခြုံမှုတို့နှင့် စပ်လျဉ်း၍ တင်ပြ ဆွေးနွေးကာ ဆွေးနွေးပွဲ တက်ရောက်လာသူကြများ၏ မေးမြန်း ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


