ဓားရှည်ကိုင်ဆောင်ပြီး  လမ်းသွားလမ်းလာများအား လိုက်လံရန်ပြုနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသဖြင့် သေဆုံးမှုဖြစ်ပွား

မန္တလေးမြို့  အောင်မြေသာစံမြို့နယ် ကျုံးအရှေ့ဘက်တွင် လမ်းသွားလမ်းလာများအား လိုက်လံရန်ပြုနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ...........
ပေါင်မြို့နယ်၊ ဆားဖိုရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ ရေနစ်သေဆုံးနေသော အမျိုးသား ရုပ်အလောင်း တစ်လောင်းတွေ့ရှိ
ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုရပ်ကွက်ရှိ သောက်သုံးရေကန်တွင် ရေနစ်သေဆုံးနေသော အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
မကွေး-ရေနံချောင်းသွားလမ်း၌  ခရီးသည်တင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ
မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီး မိုင်တိုင်အမှတ် (၃၄၇/ဝ)တွင် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ရွှေမိတ်သစ်ယာဉ်လိုင်းမှ ခရီးသည်တင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်တစ်ခုတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၅ ရက်မှ ၁၆ ရက်အထိ တရားမဝင်သစ်များ ............
အောင်မြေသာစံ၊ ဖယ်ခုံ၊ နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် မွန်းတည့်က အောင်မြေသာစံမြို့နယ်၊ အမှတ်(၁၂)လမ်း၊ ၇၉ x ၈၀ လမ်းကြားရှိ စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်လာသည့် ဝေမျိုးအောင်(ခ)ဆံရှည်၊ စိုးစံနှင့် ထွန်းအောင်တို့ ၃ ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၄၀ ၊ ဘိန်းဖြူ ဝ ဒသမ ဝ၁ ဂရမ်၊ ဆိုင်ကယ်နှစ်စီးနှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
မူဆယ်မြို့နယ်၊ နောင်မိုကျေးရွာတွင် ရင်ဟော့စက္ကူစက်ရုံ မီးလောင်မှုဖြစ်ပွား
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိ်ုင်၊ မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအုပ်စု၊ နောင်မိုကျေးရွာ၌ မေ  ၁၆ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရင်ဟော့စက္ကူစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ မနော်ဟရီမီးပွိုင့် တောင်ဘက်တွင် မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မနော်ဟရီမီးပွိုင့်တောင်ဘက်တွင် မေလ ၁၆ ရက် ည ၇ နာရီ ၈ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း