တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်တစ်ခုတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၇ မေ 


သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၅ ရက်မှ ၁၆ ရက်အထိ တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် အိမ်ခြေလေးဆယ်ကျေးရွာအတွင်းမှ LIFAN (၆)ဘီး မော်ယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား ၂ ဒသမ ၃၁၃၀ တန်နှင့် ပြစ်မကျူးလွန်သုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

1


 

ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းနေရာ၌ FUSO မှန်လုံယာဉ်ပေါ်မှ ပိတောက်ခွဲသား ဝ ဒသမ ၈၂၀ဝ တန်နှင့် ပြစ်မှုကျူးလွန်သူ တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် ကလေးဝ-မော်လိုက်ကားလမ်း အနီး၌ ဟီးနိုးရိန်းဂျား (၆)ဘီး)မော်တော်ယာဉ်ပေါ်မှ ပျဉ်းကတိုးခွဲသား  ၂ ဒသမ ၉၂၀၈ တန် နှင့် မော်လိုက်ခရိုင် မော်လိုက်မြို့နယ် မော်ကူးကြိုးဝိုင်းအကွက်(၄၀)အတွင်းမှ ကျွန်း/ပျဉ်းကတိုးခွဲသား ၃ ဒသမ ဝ၇၄၆ တန်၊ ဆိုင်ကယ်နှစ်စီး၊ ချိန်းဆောသုံးလက်နှင့် တူးမီးသေနတ်သုံးလက်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဉီးစီးဌာနမှ သိရသည်။


မောင်လူမော်

 

1

 

1