ရွှေအလေးချိန် ပမာဏတူညီစွာရောင်းချနိုင်ရန် ၂၀၁၉ ဇန်နဝါရီလကစပြီး တစ်ကျပ်သား ၁၂၈ ရွေးဖြင့် တွက်ချက်မည်
မန္တလေး ၉ စက်တင်ဘာ
ရွှေအလေးချိန်ပမာဏတူညီစွာ ရောင်းချနိုင်ရန် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ်ကစပြီး ရွှေတစ်ကျပ်သား ၁၂၈ ရွေးဖြင့် တွက်ချက်ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးတင်ထွန်းက ပြောသည်။